Home
မြန်မာသတင်း
ဂူးဂဲလ်ဘာသာပြန်တွင် မီဇို ချင်းဘာသာစကားကို ထည့်သွင်း
DVB
·
May 12, 2022

ကမ္ဘာ့နည်းပညာဂုရု Google ကုမ္ပဏီဟာ သူ့ရဲ့ အင်တာနက်ဘာသာပြန်ဝန်ဆောင်မှု (Google translate)မှာ လူသန်း ၃၀၀ ကျော်လောက် ပြောဆိုနေတဲ့ ဘာသာစကားအသစ် ၂၄ မျိုးကို ထည့်သွင်းလိုက်တဲ့အထဲမှာ  မီဇို ချင်း တိုင်းရင်းသား ဘာသာစကားလည်း ပါဝင်လာပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ်က ချင်းလူမျိုးတွေ အများစုနေထိုင်ရာ မီဇိုရမ်ပြည်နယ်​ရဲ့ ဘုံဘာသာစကားဖြစ်တဲ့ မီဇို(Mizo) ဘာသာစကားကိုလည်း ထည့်သွင်းထားတာဖြစ်ကာ ဒီဘာသာစကားကိုတော့ အိန္ဒိယနိုင်ငံအရှေ့ မြောက်ပိုင်းမှာ လူဦးရေ ၈၃၀,၀၀၀ ဝန်းကျင်က အသုံးပြုနေကြတာ ဖြစ်ပါတယ်။

အမေရိကန်အခြေစိုက် နည်းပညာ ကုမ္ပဏီက “ Google translate ဟာ နှစ်ပေါင်းများစွာ ကမ္ဘာတဝန်းက အသိုက်အဝိုင်းတွေ ဆက်သွယ်နိုင်ဖို့နဲ့ ဘာသာစကားရဲ့ အဆီးအတားတွေကို ဖြိုဖျက်ပစ်ဖို့အတွက် အကူအညီပေးခဲ့ပါတယ်”လို့ ပြောကြားလိုက်ပါတယ်။

လတ်တလောမှာတော့ အဆိုပါ ဘာသာစကားအသစ် ၂၄ ခုထဲမှာ အာဖရိကဒေသက Lingala, Twi နဲ့ Tigrinya ဘာသာစကားတွေ အပါအဝင် ၁၀ ခုထည့်သွင်းလိုက်တယ်လို့လည်း သိရပြီး အင်တာနက်ဘာသာပြန်ဝန်ဆောင်မှုမှာ ရရှိနိုင်တဲ့ ဘာသာစကားစုစုပေါင်း ၁၃၃ ခုထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Google translate ကနေ ဘာသာပြန်ဆိုမှုတွေနဲ့ ပတ်သက်ပြီးတော့ အငြင်းပွားဖွယ်ရာ ဖြစ်နေပြီး တိကျခိုင်မာမှုရှိမရှိ စတဲ့ပြသနာတွေနဲ့ ပတ်သက်ပြီးတော့ နည်းပညာအားဖြင့်တော့ မပြည့်စုံသေးဘူးလို့ ကုမ္ပဏီက ဝန်ခံထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024