ပါကစ္စတန်သမ္မတဟောင်းကို အထူးတရားရုံးက ရုံးချိန်းပျက်ကွက်ရင်ဖမ်းရန် ၀ရမ်းထုတ်

ပါကစ္စတန်သမ္မတဟောင်း ပါဗပ် မူရှရှဗ်
ပါကစ္စတန်သမ္မတဟောင်း ပါဗပ် မူရှရှပ်ကို တရားရုံးချိန်းပျက်ကွက်ရင် ဖမ်းဖို့ အထူးတရားရုံး တရုံးက ဖမ်းဝရမ်း မတ်လ ၁၄ ရက်နေ့က ထုတ်ခဲ့ပါတယ်။ သမ္မတဟောင်းဟာ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တရားစွဲခံထားရပြီး တရားရုံးချိန်းကို လုံခြုံရေး၊ ကျန်းမာရေး အကြောင်းပြချက် တွေနဲ့ အခါခါပျက်ကွက်ခဲ့တာလည်း ဖြစ်ပါတယ်။ [caption id="attachment_53255" align="alignleft" width="300"]ပါကစ္စတန်သမ္မတဟောင်း ပါဗပ် မူရှရှဗ် ပါကစ္စတန်သမ္မတဟောင်း ပါဗပ် မူရှရှဗ်[/caption]ပါဗပ်မူရှရှဗ်ရဲ့ ရှေ့နေက လုံခြုံရေးအခြေအနေ စိတ်မချရတာကြောင့် ရုံးချိန်းကို မလာရောက်နိုင်တာကို တရားရုံးကို လျှောက်ထားခဲ့ပေမယ့် တရားရုံးက လျှောက်ထားတာကို ငြင်းပယ်ခဲ့ပြီး အခုလို ဖမ်းဝရမ်းထုတ်ခဲ့တာလို့ ဆိုပါတယ်။ ဖမ်းဝရမ်းဟာ မတ်လ ၃၁ ရက်နေ့မှာ စတင်အကျိုးသက်ရောက်မှာဖြစ်ပြီး ဒီတကြိမ် ရုံးချိန်းပျက်ကွက်ရင် မူရှာရှဗ်ဟာ အဖမ်းခံရမှာ ဖြစ်ပါတယ်။ ပါဗပ် မူရှရှပ်ဟာ ၂၀၀၇ ခုနှစ်က ပါကစ္စတန် အခြေခံဥပဒေကို ရပ်ဆိုင်းမှု၊ အရေးပေါ်ဥပဒေကို လိုသလိုအသုံးချမှု စွဲချက်တွေနဲ့ ရုံးတင်ခံထားရတာဖြစ်ပြီး ပြစ်မှုထင်ရှားရင် သေဒဏ်ကျခံရဖို့ ရှိပါတယ်။ အမှုဟာ ပါကစ္စတန်သမိုင်းမှာ အင်အားကောင်းလာခဲ့တဲ့ စစ်တပ်၊ လွတ်လပ်လာတဲ့ ပါကစ္စတန်နိုင်ငံရဲ့ တရားရေး၊ လက်ရှိနိုင်ငံကို ဦးဆောင်နေတဲ့ ၀န်ကြီးချုပ် နာဝတ်ရှာရစ်ရဲ့ အရပ်သားအစိုးရ၊ အင်အား ၃ ရပ်ကြား အားပြိုင်နေတာကြောင့် လူတွေအနီးကပ် စောင့်ကြည့်နေ လာနေတဲ့ အမှုလည်း ဖြစ်ပါတယ်။ နိုင်ငံရေးလေ့လာသူတချို့ သုံးသပ်တာက ၁၉၄၇ ပါကစ္စတန်နိုင်ငံ လွတ်လပ်ရေးရခဲ့ချိန် တ၀က်ကျော်ကို အုပ်ချုပ်လာတဲ့ ပါကစ္စတန်စစ်တပ်ကို မူရှာရတ်ရဲ့အမှုက အမျက်ထွက်စေမှာပဲ ဖြစ်ပါတယ်။

//
More News
Up