Live
Home
မြန်မာသတင်း
မုဒုံမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်ခံရ
DVB
·
May 6, 2022

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မေ ၆ ရက် မနက် ၁၀ နာရီခွဲလောက်မှာ အဝေးထိန်း မိုင်း ၂ လုံးနဲ့ ပထမဆုံးအကြိမ် သတိပေးဖောက်ခွဲခဲ့တယ်လို့ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) တာဝန်ရှိသူက ပြောပါတယ်။

ဗုံးပေါက်ကွဲအပြီး ထိခိုက်မှုရှိမရှိကိုတော့ အတိကျ မသိရသေးပေမဲ့ အခင်းဖြစ်ပွားတဲ့ နေရာဝန်းကျင်ကိုတော့ လုံခြုံရေးတွေ တင်းကျပ်ထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အခုလို တိုက်ခိုက်တာဟာ စစ်ကောင်စီရဲ့ လက်ပါးစေ စစ်တပ်နဲ့ ရဲသတင်းပေးတွေကိုပါ ထပ်မံတိုက်ခိုက်သွားမယ်ဆိုတာ သတိပေးလိုက်တာဖြစ်တယ်လို့ MSRO တာဝန်ရှိသူက ဆိုပါတယ်။

MSRO အဖွဲ့ဟာ မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ ဌာနဆိုင်ရာရုံးတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ်၊ စည်ပင်၊ စစ်တပ်နဲ့ သတင်းပေးတွေကို မကြာခဏ တိုက်ခိုက်လေ့ရှိပြီး မုဒုံမြို့ကို ပစ်မှတ်ထား တိုက်ခိုက်တာကတော့ အခု ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024