Home
မြန်မာသတင်း
စာသင်ကျောင်းများတွင် တရုတ်မုန့် မရောင်းရန် တားမြစ်မည်
DVB
·
March 13, 2014
ကျောင်းတွေမှာ အရောင်းရဆုံးဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်က ဝင်ရာက်လာတဲ့ တရုတ်နိုင်ငံလုပ်မုန့်တွေဟာ ကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အတွက် လာမယ့် ကျောင်းဖွင့်ရာသီမှာ မရောင်းချဖို့ တားမြစ်သွားမယ်လို့ စားသုံးသူကာကွယ်ရေး အသင်းက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အခြေခံပညာစာသင်ကျောင်းတွေရဲ့ မုန့်ဈေးတန်းတွေကို ဝင်ရောက်စစ်ဆေးစဉ် တရုတ်စာတမ်းပါ မုန့်တွေ့မှာ ကလေးတွေအတွက် ကျန်းမာရေး အန္တရာယ် ဖြစ်နိုင်တဲ့ တားမြစ်ဆိုးဆေးနဲ့ ကြာရှည်ခံပစ္စည်းတွေ ပါဝင်မှုများနေတာ တွေရတဲ့အတွက် တားမြစ်ဖို့ စီစဉ်နေတာလို့ စားသုံးသူကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဦးဗအုပ်ခိုင်က ပြောပါတယ်။ hight schoolကျောင်းတွေမှာ တရုတ်မုန့်တွေ ဆက်လက်မရောင်းချဖို့ ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ ကျောင်းကျန်းမာရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံလုပ်မုန့်တွေဟာ အရောင်အသွေးစုံပြီး ဈေးနှုန်းချိုသာတဲ့အတွက် မြန်မာပြည်က ကျောင်းသား ကလေးငယ်တွေက ၀ယ်ယူစားသုံးကြတာဖြစ်ပါတယ်။ ကမာရွတ် မြို့နယ်ပညာရေးမှုးရုံးမှ ဒေါက်တာ ဒေါ်သက်သက်စံကတော့ ကျောင်းတွေမှာ တရုတ်မုန့်တွေ မရောင်းချဖို့ တားမြစ်မှုတွေကို လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက စတင် လုပ်ဆောင်နေပေမယ့် မအောင်မြင်တဲ့အတွက် အခုတခါ ထိထိရောက်ရောက် လုပ်စေချင် တယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံလုပ် သရေစာမုန့်တွေဟာ နယ်စပ်လမ်းကြောင်းကနေ နေ့စဉ်လိုလိုဝင်ရောက်နေ တာဖြစ်ပြီး အမျိုးအစားစုံတဲ့အတွက် တင်သွင်းတဲ့ ဒိုင်တွေ့ကို ကျောင်းဖွင့်ရာသီမှာ ဝင်ရောက် စစ်ဆေးသွားဖို့လည်း စားသုံးသူကာကွယ်ရေးအသင်းက စီစဉ်နေပါတယ်။ အသံဖိုင်နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024