Home
မြန်မာသတင်း
ဖားကန့်ဒေသသို့ စစ်ကောင်စီတပ်က လက်နက်နှင့် စစ်သည်အချို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်
DVB
·
May 5, 2022

ကချင်ပြည်နယ်၊ ဖားကန့်မြို့လယ် ဗျူဟာကုန်းမှာ မေ ၅ ရက် မွန်းလွဲ ၁၂နာရီခွဲလောက်က စစ်ရဟတ်ယာဉ် တစီးဆင်းသက်ခဲ့ပြီး လက်နက်တချို့နဲ့ စစ်ကောင်စီတပ်သားတချို့ကို  လာရောက်ပို့ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖားကန့်ဒေသခံတစ်ဦးက “ရဟတ်ယာဉ်က လက်နက်တချို့သယ်ပြီး ဆင်းသွားကြတာ။ စစ်သားတွေလည်း ဆင်းသွားတယ်။ ရဟတ်ယာဉ်ကတော့ ချက်ချင်းပြန်သွားတယ်။ အရင်တုန်းကလည်း လက်နက်လို့ထင်ရတဲ့ အထုပ်တွေ လာချသွားတာတော့ ရှိတယ်။ အဲ့တုန်းကတော့ စစ်သားတွေမပါဘူး။ အထုပ်ချပြီး ပြန်သွားကြတာ။ အခုတော့ စစ်ရေးတင်းမာလာတော့မှာလားဆိုပြီး ဒေသခံတွေက စိုးရိမ်နေကြပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်ရဟတ်ယာဉ်တွေနဲ့ ဖားကန့်မြို့ ဗျူဟာကုန်းပေါ်ကို လတိုင်း လက်နက်လို့ ယူဆရတဲ့ အထုပ်တွေ လာရောက်ပို့ဆောင်လေ့ ရှိတယ်လို့ သိပါတယ်။

စစ်ရဟတ်ယာဉ်တွေ လာရောက်ပြီးနောက်မှာ ဗျူဟာကုန်းပေါ်ကနေ လက်နက်ကြီးနဲ့ ရမ်းပစ်လေ့ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖားကန့်မြို့ကို ဩဂုတ်လလယ်လောက်ကစပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာဟာလည်း ၈ လကျော် ရှိလာပြီဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024