Home
မြန်မာသတင်း
ပူတာအို၊ မိုင်းလားနှင့် ကိုကိုကျွန်းတွင် သန်းခေါင်စာရင်း ကောက်ယူမှု ပြီးစီး
ရွှေအောင်
·
March 13, 2014
ပူတာအို၊ မိုင်းလားနဲ့ ကိုကိုကျွန်းတို့မှာ သန်းခေါင်စာရင်းကောက်ပြီးသွားပြီလို့ ပြည်သူ့ အင်အားဦးစီးဌာနက ပြောပါတယ်။ ကချင်ပြည်နယ် ပူတာအိုခရိုင်၊ ရှမ်းပြည်နယ်အရှေပိုင်း မိုင်းလားဒေသအထူး ၄ နဲ့ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းတို့ဟာ ဝေးလံခေါင်းပါးဒေသတွေဖြစ်တာနဲ့ ဒေသခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်ကြောင့် အဲ့ဒီဒေသတွေမှာ သန်းခေါင်စာရင်း ကြိုကောက်ခဲ့တာပါ။ cenအဆိုပါဒေသ ၃ ခုမှာ သန်းခေါင်စာရင်းကောက်ယူမှုတွေ ပြီးစီးသွားပြီလို့ ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။ “ပူတာအိုက ဝေးလံခက်ခဲပါတယ်။ နောက် ကျမတို့ လမ်းလျှောက်ရတဲ့အချိန် ဥပမာ ခေါင်လံဖူးတို့၊ ပန်နန်းဒင် တို့ ဆိုရင် ၂ ပတ်လောက် လမ်းလျှောက်ရတယ် ပြောပါတယ်။ ပစ္စည်းတွေ ကြိုရောက်ရှိရေး၊ နောက်တခါ မတ်လ ရောက်တဲ့အချိန်မှာ ရေခဲတောင်တွေ အရည်ပျော်ပါတယ်။ သွားရေးလာရေး အလွန်ခက်ပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ တောင်းဆိုချက်အရ ကျမတို့ ကြိုပြီးကောက်တာပါ။ မိုင်းလားဒေသရဲ့ တောင်းဆိုချက်အရလည်း ကျမတို့ ကြိုပြီးကောက်တာပါ။” ကောက်ယူရရှိတဲ့ လူဦးရေစာရင်းကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြေညာမှပဲ ထုတ်ပြန်သွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။ မိုင်းလားဒေသအထူး ၄ က အုပ်ချုပ်ရေးရုံးအဖွဲ့ဝင် စိုင်းရီက သင်တန်းပေးပြီးမှ ကောက်တာမို့ သန်းခေါင်စာရင်းကောက်တာ အဆင်ပြေတယ်လို့ ပြောပါတယ်။ “အဆင်ပြေပါတယ်။ မနေ့က ပြီးသွားပြီ။ သင်တန်းပေးပြီးမှ ၂၀ ရက်နေ့စတာ၊ အခု ၁၂ ရက်နေ့က ပြီးတာ။ အခက်အခဲတော့ မရှိပါဘူး။” ၀ အထူးဒေသ ၂ မှာ မတ်လ ၁၇ ရက်မှာ သန်းခေါင်စာရင်းကောက်ယူဖို့ စတင် သင်တန်ပေးပြီး တတိုင်းပြည်လုံး မကောက်ယူခင် လေးငါးရက် ကြိုတင်ကောက်ယူမယ်လို့ ပြည်သူ့အင်အား ဦးစီးဌာနက ပြောပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူမှာကတော့ မတ်လ ၃၀ ရက်ကနေ ဧပြီလ ၁၀ ရက်အထိဖြစ်ပြီး နှစ်ပေါင်း ၃၀ ကျော်ကြာမှ အခုလို ပြန်လည်ကောက်ခံမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024