Home
မြန်မာသတင်း
ခရမ်းလွန်ရောင်ခြည်တိုင်းတာစက် မိုးဇလဌာနတွင် မရှိသေး
ရွှေအောင်
·
March 12, 2014
မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်တက်မှုကို သတင်းထုတ်ပြန်နိုင်ဖို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှာ တိုင်းတာတဲ့စက် မရှိဘူးသေးဘူးလို့ မိုးလေ ၀သဌာနက ပြောကြားလိုက်ပါတယ်။ နေရောင်ခြည်ထဲ ခရမ်းလွန်ရောင်ခြည်ကျရောက်မှုနှုန်း မြင့်တက်နေတာကို မိုးလေ၀သဌာနအနေနဲ့ သတိပေးချက်ထုတ်ပြန်နိုင်ဖို့ စက်မရှိသေးတဲ့အတွက် မထုတ်ပြန်နိုင်သေးတာလို့ မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။ El Niñoဒါကြောင့် အမေရိကန် အမျိုးသားလေကြောင်းနှင့် အာကာသ အုပ်ချုပ်ရေးအဖွဲ့ နာဆာ (NASA) အကူအညီနဲ့ ခရမ်းလွန်ရောင်ခြည် အခြေအနေသတင်းထုတ်ပြန်နိုင်ဖို့ စတင်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမိုးလေ၀သဌာနအနေနဲ့ ၂၀၀၈ ခုနှစ်ကစပြီး ပြည်နယ်တိုင်း မြို့ကြီး ၁၄ မြို့အတွက် မိုးလေ၀သသတင်းခန့်မှန်းချက်တွေ တရက်စာ ထုတ်ပြန်နိုင်ခဲ့ပြီး ဒီနှစ်ထဲ မြို့ပေါင်း ၁၀၀ ကျော်အတွက် ၃ ရက်ကြိုတင် ထုတ်ပြန်နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ အလားတူ ဒီနှစ်ထဲမှာပဲ ဂျပန်နိုင်ငံ အကူအညီနဲ့ မိုးလေ၀သစခန်းတွေ ထပ်ပြီးတိုးချဲ့ တည်ဆောက်ဖို့ ရှိပါတယ်။ မြန်မာနိုင်ငံမိုးလေ၀သဌာနကို ၁၉၃၇ ခုနှစ်၊ ဧပြီလ ၁ ရက်မှာ စတင်တည်ထောင်ခဲ့တာမို့ လာမယ့် ဧပြီလ ၁ရက်မှာ ဌာနသက်တမ်း ၇၇ နှစ် ပြည့်မှာ ဖြစ်ပါတယ်။ အသံဖိုင် နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024