Home
မြန်မာသတင်း
ရဟတ်ယာဉ်အမှုအတွက် သမ္မတနှင့်နိုင်ငံတော်အတိုင်ပင်ခံကို ရုံးထုတ်စစ်ဆေး
DVB
·
May 3, 2022

ရဟတ်ယာဉ်၀ယ်ယူ၊ ငှားရမ်းအသုံးပြုမှုအတွက် နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စွဲဆိုထားတဲ့ အဂတိအမှုတွေကို မတ် ၃ ရက်နေ့မှာ ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒီနေ့ရုံးချိန်းမှာ ရဟတ်ယာဉ်၊ ၀ယ်ယူ၊ ငှားရမ်း တာနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အဂတိ ၅ ငါးမှုထဲက ရဟတ်ယာဉ်ပြုပြင်ထိန်းသိမ်းတာ နဲ့ ပတ်သက်တဲ့အမှုကို တရားလိုက သက်သေထွက်ဆိုခဲ့ပြီး နောက်ရုံးချိန်းမှာ ပြန်လှန်စစ်မေးမယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ၀ယျယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေ နဲ့ ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာပါ။

ဒီနေ့ရုံးချိန်းမှာ ကျန်တဲ့အမှုတွေကို မစစ်ဆေးဖြစ်ဘဲ နောက်ရုံးချိန်းကို ပြန်လည်ချိန်းဆို လိုက်တယ်လို့လည်း သိရပါတယ်။

ရုံးချိန်းကို လာရောက်တဲ့ နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ကျန်းမာရေးကောင်းမွန်တယ်လို့လည်း အဆိုပါတရားရုံးနဲ့နီးစပ်သူက ဆိုပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024