ကွယ်လွန်သွားပြီဖြစ်တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးရဲ့ ဈာပနကို ရန်ကုန်မြို့ ရေဝေးသုသာန်မှာ မေလ ၂ ရက် ဒီနေ့ ညနေက ကျင်းပ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။
ဈာပနကို မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေတွေ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ၊ တိုင်းရင်းသားတွေတက်ရောက်ခဲ့ကြပြီး နိုင်ငံရေးပါတီတွေနဲ့ အဖွဲ့အစည်းတွေက လွမ်းသူ့ပန်းခွေတွေ ပေးပို့ ဂုဏ်ပြုခဲ့ကြပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကို စတင်ထူထောင်ရာမှာ ပါဝင်ခဲ့သူလည်းဖြစ်တဲ့ ပါတီ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း ၃၀ ကျော်တာဝန်ယူခဲ့တဲ့ ဦးခွန်ထွန်းဦးဟာ ဧပြီ ၃၀ ရက်က ရန်ကုန်မြို့ ရှိ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်ရှိပြီဖြစ်ပါတယ်။
ဦးခွန်ထွန်းဦးရဲ့ ကြွင်းကျန်ရစ်တဲ့ အရိုးပြာတွေကို ရှမ်းပြည်နယ် လွယ်မုပ်တောင်ပေါ်ရှိ သီပေါတော်ဝင်မိသားစု ရဲ့ သင်္ချိုင်းမှာ ဂူသွင်းသွားဖို့ရှိနေပါတယ်။