အာဆီယံ ၁၆ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ မြန်မာ ၀င်ပြိုင်မည်

မလေးရှားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် အာဆီယံ ၁၆ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ (ASEAN CHAMPIONS TROPHY 2014) ကို မြန်မာက ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ အဆိုပါ ပြိုင်ပွဲကို မလေးရှားဘောလုံးအဖွဲ့ချုပ် Frenz United Football Academy က ဦးစီးကျင်းပတာဖြစ်ပြိး မြန်မာနိုင်ငံ ဘောလုံးအကယ်ဒမီတွေက အသက် ၁၆ နှစ်အောက် လူငယ်ကစားသမားတွေ ၀င်ရောက် ယှဉ်ပြိုင်သွားမှာပါ။ Mffအာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ အရှေ့တီမော၊ ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူအသင်းနဲ့ အာဆီယံပြင်ပ အိန္ဒိယ၊ တရုတ် ကလပ်အသင်းတွေနဲ့ အကယ်ဒမီအသင်းတွေ စုစုပေါင်း ၁၂ သင်း ၀င်ရောက် ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ (Home/ Away) ကစားတဲ့စနစ်နဲ့ ကျင်းပသွားမှာဖြစ်ပြီး ပွဲစဉ်ဇယားအသေးစိတ်ကို မကြာမီ ဆက်လက် သတင်းထုတ်ပြန်သွားမယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ အဆိုပါ ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပဏာမ ကစားသမား ၂၈ ဦးကို ရွေးချယ်ထားပြီး လက်တလော ဘိုင်ယန်မြူးနစ် ဖိတ်ခေါ်ဖလား သွားရောက် ယှဉ်ပြိုင်မယ့် ကစားသမား ၅ ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။ ၀င်ရောက် ယှဉ်ပြိုင်မယ့် နိုင်ငံတွေရဲ့ ရုပ်သံလိုင်းတွေမှာ အာဆီယံ ၁၆ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၄ ပွဲ အနည်းဆုံး ပြသသွားဖို့လည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up