တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှာ ဒီကနေ့ မေလ ၁ ရက်နေ့၊ မနက်ပိုင်းက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ကြောင်း ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုမှာ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်တွေက တော်လှန်ရေးမှာ ပြည်သူတွေဆက်လက် ပူးပေါင်းပါဝင်ပေးကြဖို့ စည်းရုံးဟောပြောခဲ့ကြပါတယ်။
လှုပ်ရှားမှုမှာပါဝင်တဲ့ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်တဦးက " စစ်အုပ်စုဟာ တော်တော်အားနည်းနေပြီ၊ ပြည်သူတွေစည်းစည်းလုံးလုံးနဲ့ ဆက်ပြီးတော်လှန်ရင် စစ်အုပ်စုဟာ မုချကျရှုံးတော့မှာ၊ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ တော်လှန်ရေးမှာ ဆက်ပြီးပါဝင်ပေးကြပါ" လို့ ပြောပါတယ်။
လောင်းလုံးမြို့နယ်အတွင်း သပိတ်လှုပ်ရှားမှုတွေ ပြန်လည်အားကောင်းလာသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သပိတ်လှုပ်ရှားမှုတွေကို ပစ်ခတ်ဖြိုခွင်းမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။