သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေ ဘဏ်စာရင်းထဲ ထည့်သွင်းရမယ့် အမိန့်ညွှန်ကြားချက်ကို မလိုက်နာတဲ့ ကုမ္ပဏီပေါင်း ၁၇၇ ခုကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းပြီး အရေးယူထားတယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေ မထည့်သွင်းတဲ့ ကုမ္ပဏီတွေကို မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းတဲ့အထိ အရေးယူမယ်လို့ ဧပြီ ၂၇ ရက်နေ့ ရက်စွဲနဲ့ စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတိပေးစာ ထုတ်ပြန်ထားတာပါ။
ပ်ို့ကုန်လုပ်ငန်းတွေက ပို့ကုန်ရငွေကို တင်ပို့တဲ့နေ့ကနေ ၃ လအတွင်း ပြည်တွင်းက ဘဏ်စာရင်းကို နိုင်ငံခြားသုံးငွေနဲ့ မပျက်မကွက် ထည့်သွင်းရမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ညွှန်ကြားထားတာပါ။
ပို့ကုန်ကနေရတဲ့ နိုင်ငံခြားသုံးငွေနဲ့တွေကို အလုပ်လုပ်ရက် တရက်အတွင်းမှာ သတ်မှတ်ငွေလဲနှုန်းနဲ့ လဲလှယ်ရမယ်လို့လည်း စစ်ကောင်စီကကြေညာထားပြီး နောက်ပိုင်းမှာတော့ ပြည်ပကုမ္ပဏီတွေ၊ သံရုံးတွေနဲ့ နယ်စပ်ကုန်သွယ်မှုတွေကို ကင်းလွတ်ခွင့်တွေ ထုတ်ပြန်ခဲ့ပါတယ်။