မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အပါအဝင် အစိုးရအဖွဲ့ဝင်တွေ အန်အယ်လ်ဒီပါတီဝင်တွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက ဧပြီလ ၂၇ ရက်နေ့မှာ ဖမ်းဆီးသွားတယ်လို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။
ဒေါ်ရွက်နုအောင်ကို ရုံးက အပြန်မှာ ဖမ်းဆီးသွားတာဖြစ်ပြီး သူနဲ့ အတူပါတဲ့ ရှေ့နေတယောက်ကိုပါ ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။
တရားလွှတ်တော်ရှေ့နေတဦးက “မနေ့က ညနေပိုင်းက ဖမ်းဆီးခံရတာတဲ့။ အန်အယ်လ်ဒီ ဘက်ကလည်း ဖမ်းခံရတာ သေချာသွားပြီလို့ ပြောတယ်။ သူနဲ့အတူ သူ့တပည့် တယောက်လည်း ဖမ်းခံရတယ်လို့ ပြောတယ်။ အခုဟာ စစ်ကောင်စီက ဥပဒေမဲ့ ဖမ်းချင်သလိုတွေ ဖမ်းနေတယ်” လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် အန်အယ်လ်ဒီ ပါတီဝင် တဦးဖြစ်ပြီး ဘယ်မှာ လတ်တလောသူ့ကို ဘယ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးပါဘူး။