လက်နက်အပြည့် တပ်ထားသည့် ရုရှားတိုက်လေယာဉ်များရုပ်သံ ယူကရိန်းတပ် ဖြန့်ချိ

ယူကရိန်းနိုင်ငံအနောက်ပိုင်း လေတပ်အခြေစိုက်စခန်းမှာ လက်နက်အပြည့် တပ်ဆင်ထားတဲ့ ရုရှားတိုက်လေယာဉ်တွေ ရောက်ရှိနေတာနဲ့ပတ်သက်ပြီး ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတွေကို ယူကရိန်းစစ်တပ်က မတ်လ ၉ ရက်နေ့မှာ ဖြန့်ချိလိုက်ပါတယ်။

ဒီဗွီဒီယိုမှာ အီဗာနိုဖရန်ကို့စ်ဒေသ လေတပ်အခြေစိုက်စခန်းကနေ ရုရှလုပ် မစ်တွမ်တီနိုင်း တိုက်လေယာဉ်တွေ အဆင်းအတက် လုပ်နေပုံကို တွေ့ရပါတယ်။

russia army copyကရိုင်းမီယားဒေသကို ယူကရိန်းတပ်တွေ စေလွှတ်ဖို့ အစီအစဉ်မရှိဘူးလို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးက ပြောနေတဲ့ အချိန်မှာပဲ ရုရှားက နယ်စပ်စခန်း နောက်တခုကို သိမ်းပြီး ခြေကုပ်ယူလိုက်တာပါ။

ယူကရိန်းရဲ့ စစ်သည်အင်အား ၁ သိန်း ၃ သောင်းပဲ ရှိလို့ ရုရှားစစ်တပ်နဲ့ အင်အားချင်း မမျှပါဘူး။ လောလောဆယ်အထိ ယူကရိန်းအစိုးရဟာ ရုရှားနဲ့ ထိပ်တိုက်တွေ့နိုင်မယ့် လုပ်ရပ်မျိုးတွေကို မလုပ်ဘဲ နောက်ဆုတ်နေပါတယ်။

ကရိုင်းမီယားဒေသကို ရုရှားလက်အပ်ဖို့ အစီအစဉ်မရှိပေမယ့်  ပြဿနာကို သံတမန်နည်းနဲ့ အဖြေရှာမယ်လို့ ယူကရိန်းဝန်ကြီးချုပ်က မတ် ၉ ရက်နေ့က ပြောပါတယ်။

ယူကရိန်းဝန်ကြီးချုပ်ဟာ ဒီတပတ်ထဲမှာ အမေရိကန်ပြည်ထောင်စုကို သွားပြီး အိမ်ဖြူတော်မှာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ အိမ်ဖြူတော်က မတ် ၉ ရက်နေ့က အတည်ပြုပါတယ်။

၁၉၉၄ ခုနှစ်မှာ ဗြိတိန်၊ အမေရိကန်၊ ရုရှားနဲ့ ယူကရိန်းတို့ ချုပ်ဆိုထားတဲ့ ဘူဒါပတ်စ် သဘောတူညီချက်အရ ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့မှုကို အာမခံထားပြီး အပြန်အလှန်အနေနဲ့ ဆိုဗီယက်ခေတ်က ကျန်နေတဲ့ နျူကလီးယားလက်နက်တွေကို ယူကရိန်းက စွန့်လွှတ်ပေးခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up