နှစ်ဘက်အပစ်ရပ်မူကြမ်းတွေ အပြီးသတ်ဖို့ ကော်မတီဖွဲ့

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း
နှစ်ဘက် ကိုယ်စားလှယ် ၉ ဦးစီပါဝင်တဲ့ ကော်မတီတရပ်ဖွဲ့ပြီး နှစ်ဘက် အပစ်ရပ်မူကြမ်းတွေ အပြီးသတ် လုပ်ဆောင်သွားမယ်လို့ တနိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)က ဒေါက်တာ ဆလိုင်းလျန်မှုန်း က ပြောပါတယ်။ ဒီနေ့စတင်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (အန်စီစီတီ)တို့ ဆွေးနွေးပွဲမှာ အခုလို သဘောတူလိုက်ကြတာ ဖြစ်ပါတယ်။ ဒေါက်တာ ဆလိုင်းလျန်မှုန်းကို ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထား ပါတယ်။ အသံဖိုင် နားဆင်ရန်

//
More News
Up