ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောင်မြင်သာ အပန်းဖြေစခန်းမှာ ဧပြီ ၂၆ မနက်ပိုင်းက စျေးဆိုင်ခန်းတဲတွေ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွကေ စျေးဆိုင် သုံးဆိုင်က အပန်းဖြေတဲပေါင်း ၂၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ စျေးဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။
မီးလောင်ခံခဲ့ရတဲ့ ဈေးဆိုင်ပိုင်ရှင်တဦးက “မနက် ၄ နာရီလောက်က စလောင်တာ။ ဈေးဆိုင် ၃ ဆိုင်ရဲ့ အပန်းဖြေတဲ ၂၀ ကျော် မီးထဲပါသွားတယ်။ ချက်ပြုတ်တဲ့ မီးဖိုချောင်တခုလည်း ပါသွားတယ်။ ထိုင်တဲ့စားပွဲခုံတွေလည်း မီးထဲပါသွားတယ်။ ရွာက လူတွေ ဝိုင်းငြိမ်းသတ်ကြတယ်။ အဲဒီအချိန် လေတိုက်တာများ နေတဲ့အတွက် အဲဒီလောက်ကို လောင်သွားတာ” လို့ ပြောပါတယ်။
မီးလောင်ဆုံးရှုံးခဲ့တဲ့ အပန်းဖြေတဲတွေဟာ ကာလတန်ကြေး ၁ သိန်းခွဲဝန်းကျင်လောက် ရှိတယ်လို့ လည်း သိရပါတယ်။
အောင်မြင်သာကျေးရွာ စျေးဆိုင်တွေ မီးလောင်တာ နဲ့ပတ်သက်ပြီး မီးလောင်ရတဲ့ အကြောင်းအရင်းကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့လည်း ကျေးရွာဒေသခံတဦးက ပြောပါတယ်။
"မနက် ၄ နာရီဆိုတော့ အတော်များများ အိပ်နေတဲ့အချိန်လောင်တာ။ ဘာကြောင့်လောင်လဲ ဆိုတာကတော့ ကျေးရွာက လူတွေ ဆက်လက် စုံစမ်းနေတယ်။"
အောင်မြင်သာအပန်းဖြေစခန်းဟာ မြစ်ဆုံစီမံကိန်းကြောင့် မြစ်ဆုံဒေသက ပြည်သူတွေ ပြောင်းရွှေ့နေထိုင်ကြကာ အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ တိုက်နယ် စံပြကျေးရွာတခုဖြစ်ပါတယ်။