အောင်မြေသာစံမြို့နယ် ကမ်းနားလမ်းတွင် အမည်မသိ ရုပ်အလောင်းတွေ့ရှိ
DVB
·
April 25, 2022
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ၁၄ လမ်းနဲ့ ၁၉ လမ်းကြား နှင်းဆီအိမ်ရာနဲ့ စံပယ်အိမ်ရာ အနီးမှာ ဧပြီ ၂၄ ရက် ည ၉ နာရီ က အမည်မသိ အမျိုးသား အလောင်း တွေ့ရှိခဲ့ရပါတယ်။
သေဆုံးသူဟာ အမျိုးသားဖြစ်ပြီး ရုပ်အလောင်းမှာ သွေးသောက်အဖွဲ့ အနီရောင်စစ်ဆင်ရေး MDY စာသားပါ ကတ်ကို ချိတ်ဆွဲထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် သေဆုံးသူရဲ့ ဘယ်ဘက်ပခုံးမှာ ဓားဒဏ်ရာ ၁ ချက်၊ ညာဘက် မေးရိုးအောက်မှာ သေနတ်ဒဏ်ရာ ၁ ချက်နဲ့ သေဆုံးနေတာ ဖြစ်ပါတယ်။