ပျောက်ဆုံးနေဆဲလေယာဉ် တိုက်ခိုက်မှုကြောင့် နစ်မြုပ်တာ ဟုတ်မဟုတ် မဆုံးဖြတ်ရသေး

မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟီရှာမဒ်ဒင် ဟူစိန်က မတ်လ ၉ ရက်နေ့က သတင်းထောက်များနဲ့ တွေ့ဆုံစဉ် (ဓာတ်ပုံ - ရိုက်တာ)
ပျောက်ဆုံးနေဆဲ မလေးရှားလေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်မှာပါတဲ့ လူတွေရဲ့ နာမည်တွေ ကို စုံစမ်းစစ်ဆေးသူတွေက စစ်ဆေးနေတယ်လို့ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟီရှာမဒ်ဒင် ဟူစိန်က မတ်လ ၉ ရက်နေ့က သတင်းထောက်တွေကို ပြောဆိုလိုက်ပါတယ်။ ပျောက်ဆုံးလေယာဉ်ပေါ်က ခရီးသည်လေးယောက် ဘယ်သူဘယ်ဝါဆိုတာ စုံစမ်းစစ်ဆေးနေပြီး လေယာဉ်က တိုက်ခိုက်မှုကြောင့် နစ်မြုပ်တာ ဟုတ်မဟုတ်ဆိုတာကိုတော့ မဆုံးဖြတ်ရသေး ပါဘူး။ [caption id="attachment_52968" align="alignright" width="300"]မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟီရှာမဒ်ဒင် ဟူစိန်က မတ်လ ၉ ရက်နေ့က သတင်းထောက်များနဲ့ တွေ့ဆုံစဉ် (ဓာတ်ပုံ - ရိုက်တာ) မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟီရှာမဒ်ဒင် ဟူစိန်က မတ်လ ၉ ရက်နေ့က သတင်းထောက်များနဲ့ တွေ့ဆုံစဉ် (ဓာတ်ပုံ - ရိုက်တာ)[/caption]ကျနော်တို့ကိုယ်တိုင် လှုပ်ရှားနေတာနဲ့ တပြိုင်တည်းမှာပဲ နိုင်ငံတကာ ထောက်လှမ်းရေး အေဂျင်စီတွေနဲ့ တွဲဖက်ဆောင်ရွက်နေပါတယ်။ ဒီမွန်းလွဲပိုင်းမှာ သူတို့နဲ့ ဆွေးနွေးမှာပါ။ သက်ဆိုင်ရာ နိုင်ငံတွေအားလုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေး တပ်တွေနဲ့လည်း ဆက်ဆောင်ရွက် သွားမှာပါလို့ ၀န်ကြီးက ပြောပါတယ်။ မလေးရှားထောက်လှမ်းရေးတွေက အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI က ထောက်လှမ်းရေးတွေနဲ့ တွေ့ပြီးပြီလို့လည်း သူက အတည်ပြုပါတယ်။ ခရီးသည်စာရင်းတခုလုံးကို အာရုံစိုက်နေတယ်လို့လည်း ပြောပါတယ်။ လောလောဆယ်မှာတော့ လေယာဉ်တွေနဲ့ သင်္ဘောတွေက ရှာဖွေရေးနယ်ပယ်ကို တိုးချဲ့ ရှာဖွေနေဆဲပါ။ မတ်လ ၈ ရက်နေ့ ညဦးပိုင်းက ကင်းလှည့်ဂျက်လေယာဉ်တွေ ရှာတွေ့ခဲ့တဲ့ ဆီယိုဖိတ်ထားတဲ့ ရေပြင်ဝန်းကျင်မှာ ဗီယက်နမ် ရေတပ် သင်္ဘောတွေက ရှာဖွေနေပါတယ်။ မလေးရှားလေကြောင်းလိုင်းပိုင် ရိုးရွိုက်စ် အင်ဂျင် တပ်ထားတဲ့ Boeing 777-200ER လေယာဉ်ဟာ ကွာလာလမ်ပူ လေဆိပ်ကနေ ပျံတက် ပျောက်ဆုံးနေတာပါ။ လေယာဉ်ပေါ်မှာတော့ ခရီးသည် ၂၂၇ယောက်နဲ့ လေယာဉ်အမှုထမ်း ၁၂ ယောက် ပါဝင်ပါတယ်။

More News
Up