အာမေးနီးယားတွင် အစုအပြုံလိုက်အသတ်ခံရသူများအတွက် အောက်မေ့ခြင်း ဆန္ဒပြပွဲလုပ်

အော်တိုမန်အင်ပါယာခေတ်က အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရတဲ့ ခရစ်ယာန် ဘာသာဝင် အာမေနီယံတွေကို အောက်မေ့ခြင်း အထိမ်းအမှတ် ဆန္ဒပြပွဲကို အာမေးနီယားနိုင်ငံမြို့တော် ယီရာဗန်မှာ ဧပြီ ၂၃ ရက်က ပြုလုပ်ခဲ့ကြပါတယ်။ 

ထောင်သောင်းချီတဲ့ ဆန္ဒပြသမားတွေဟာ  တူရကီနဲ့ အဇာဘိုင်ဂျန် အလံတွေကို မီးရှို့ခဲ့ကြ ပါတယ်။ 

ပထမကမ္ဘာစစ်တုန်းကဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်မှာ အာမေနီယံတွေ ၁ သန်းခွဲလောက် အသတ်ခံလိုက်ရပြီး ဒါကို လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် ရှူ့မြင်ထားကြတာပါ။ 

အဲဒီအချိန်က အော်တိုမန် အင်ပါယာလက်အောက် ကျရောက်နေတဲ့ အာမေနီယန်ကို အော်တိုမန်တပ်တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်ဆိုတာကို တူရကီက လက်ခံ ပေမယ့် အရေအတွက်ကိုတော့ အငြင်းပွားနေဆဲပါ။ လူမျိုးတုံး သတ်ဖြတ်မှု မြောက်တယ်ဆိုတာကိုလည်း လက်မခံပါဘူး။ 

ခရစ်ယာန်ဘာသာဝင် အများစု ပါဝင်တဲ့ အာမေးနီယန်တွေကို လူမျိုးတုံးသတ်ပစ်ဖို့ စီမံချက်နဲ့ အမိန့်ပေးခဲ့တာ၊ စီမံဆောင်ရွက်ခဲ့တဲ့ သက်သေအထောက်အထား မရှိဘူးလို့ ဆိုပါတယ်။

//
More News
Up