ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ သံတမန်တွေကို ကာတာမှ ရုပ်သိမ်း

ဓာတ်ပုံ - ရိုက်တာ
ကာတာနိုင်ငံဟာ အီဂျစ်နိုင်ငံက မွတ်စလင်ညီအကိုတော်များပါတီကို ဆက်လက်ထောက်ခံနေ တာကြောင့် ဆော်ဒီအာရေးဘီးယား၊ ယူအေးအီးနဲ့ ဘာရိန်းနိုင်ငံတွေဟာ သူတို့ရဲ့ သံအမတ်တွေ ကို ကာတာနိုင်ငံက မတ်လ ၅ ရက်နေ့က ပြန်ခေါ်ခဲ့ပါတယ်။ [caption id="attachment_52923" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(CCASG)ရဲ့ ထုတ်ပြန်ကြေညာချက်မှာ သူတို့ နိုင်ငံတွေရဲ့ သံအမတ်တွေကို ပြန်ရုပ်သိမ်းကြောင်း ဖော်ပြခဲ့တာဖြစ် အဖွဲ့အတွင်း လုပ်ခဲတဲ့လုပ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီလုပ်ရပ်ရဲ့ နောက်ကွယ်က အကြောင်းတရားတွေနဲ့ ပတ်သက်ပြီး ထင်မြင်ချက် အမျိုးမျိုးဖြစ်နေပြီး ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အနာဂတ် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေလည်း ဖြစ်နေပါတယ်။ ယူအေအီး အခြေစိုက် နိုင်ငံရေးသုံးသပ်သူတွေနဲ့ ဆော်ဒီအခြေစိုက် သတင်းဌာနတွေကတော့ အဖွဲ့ဝင်နိုင်ငံတွေအတွင်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အခြေခံသဘောတူညီမှုအဖြစ် မွတ်စလင် ညီအကိုတော်များပါတီကို မထောက်ပံ့ဖို့ သဘောတူထားခဲ့ကြတယ်လို့ ဆိုပါတယ်။ ကာတာနိုင်ငံဟာ မွတ်စလင်ညီအကိုတော်များပါတီကို နှစ်ပေါင်း ၅၀ ကြာ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ ထောက်ခံ၊ ထောက်ပံ့လာခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီလက ဆော်ဒီအာရေးဘီးယားနိုင်ငံဟာ မွတ်စလင်ညီအကိုတော်များပါတီကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပြီး ယူအေအီးနိုင်ငံကလည်း ပါတီဝင်တွေကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ပင်လယ်ကွေ့ ၆ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ မတ်လ ၄ ရက်နေ့ကစပြီး ဆောဒီအာရေးဘီးယားနိုင်ငံ ရီးယက်မြို့မှာ တွေ့ဆုံစည်းဝေးနေကြပြီး ၉ နာရီကြာ ဆွေးနွေးမှုအပြီးမှာ အခုလိုသံအမတ်တွေကို ကာတာနိုင်ငံက ပြန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

//
More News
Up