မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ပြင်သာရွာဟောင်းနဲ့ မင်းရွာကြားမှာ ပနန်းရွာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ PDF ဂန့်ဂေါတပ်ဖွဲ့ဝင်တွေ ဧပြီ ၂၀ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဘက်မှ စစ်ကောင်စီတပ်သားတွေကို ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ စိန်ပြောင်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဂန့်ဂေါ PDF တာဝန်ခံ ကိုဝေလင်းက ဒီဗွီဘီကို ပြောပါတယ်။
"ကျနော်တို့ဘက်က သူတို့ကို ကိုယ်တိုင်လုပ် လက်နက်တွေ၊ လက်နက်ကြီး ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ စိန်ပြောင်းလက်နက်တွေနဲ့ ပစ်ခတ်ခဲ့တာ၊ သူတို့ဘက်က ထိခိုက်ကျဆုံးတာ ရှိနိုင်ပေမဲ့ အသေအေပျာက်စာရင်းကိုတော့ မသိရေသးဘူး။ တပ်ဖွဲ့ဘက်က အမြန်ပြန်ဆုတ်ခွာခဲ့ရတာကြောင့် အတည်ပြုလို့ မရနိုင်တာ။ ကျနော်တို့ တပ်ဖွဲ့ဘက်ကေတာ့ အထိအခိုက် အကျအဆုံး မရှိဘူး။"
ဧပြီ ၁၉ ရက်ကလည်း ပနန်းရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ထုတာကြောင့် ကျေးရွာတွင်းက လူနေအိမ် ၂ လုံး ပျက်စီးခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဂန့်ဂေါနယ်တွင်းကို စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ကျေးရွာတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ရွာသားတွေကို ဖမ်းဆီး သတ်ဖြတ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
လတ်တလော ဂန့်ဂေါနယ်နဲ့ ထီးလင်းနယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေတာကြောင့် အချိန်မရွေး နေရာမရွေး တိုက်ပွဲတွေ ဖြစ်ပွားနိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ ထီးလင်း-ဂန့်ဂေါလမ်းပိုင်းကို ခရီးသွားလာတာတွေ မပြုကြဖို့လည်း ဂန့်ဂေါ PDF က မေတ္တာရပ်ခံထားပါတယ်။