မလေးရှားကနေ တရုတ်ကို ဦးတည်ပျံသန်းနေသည့် လေယာဉ်ပျောက်ဆုံး

ပျောက်ဆုံးနေတဲ့ လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေရဲ့ ဆွေမျိုးသားချင်းတွေဟာ တရုတ်နိုင်ငံမြို့တော် ဘေဂျင်မြို့ လေဆိပ်မှာ စောင့်ဆိုင်းရင်း သတင်းတွေကို မတ်လ ၈ ရက်နေ့မှာ စောင့်ဆိုင်းနေကြတာပါ။ Untitled-2ခရီးသည် ၂၂၇ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၁၂ ယောက် ပါသွားတဲ့ မလေးရှားအဲလိုင်း လေယာဉ်အမှတ်စဉ် MH 370 လေယာဉ်ဟာ မလေးရှားနိုင်ငံကနေ တရုတ်နိုင်ငံဆီကို ဦးတည်ပျံသန်းနေတုန်း ပျောက်ဆုံးနေတယ်လို့ လေကြောင်းလိုင်းက ကြေညာချက်ထုတ်ပြန် ပါတယ်။ ပုံမှန် အတိုင်းဆိုရင် ဘိုရင်းအမျိုးအစား B777-200 လေယာဉ်ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ ဒေသစံတော်ချိန် ၁၂ နာရီ ၂၁ မိနစ်မှာ စတင်ထွက်ခွာပြီး တရုတ်နိုင်ငံမြို့တော်ကို ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲအချိန်မှာ ဆိုက်ရောက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လေယာဉ်စထွက်ပြီး နှစ်နာရီ ကျော်ကျော် အချိန်စကလို့ လေယာဉ်နဲ့ မလေးရှားလေကြောင်း ထိန်းသိမ်းရေးဋ္ဌာနတို့ အဆက်အသွယ် ပြတ်တောက်ခဲ့တယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။ တရုတ်နိုင်ငံပိုင် ရုပ်သံကလည်း တရုတ်ရေပိုင်နက်နဲ့ လေကြောင်း ပိုင်နက်မှာ လေယာဉ် ၀င်ရောက်သွားတဲ့ သတင်းတွေ မရဘူးလို့ အစီရင်ခံပါတယ်။ ဆင်ဟွာသတင်းအရ လေယာဉ်ဟာ ဗီယက်နမ်ရဲ့ လေပိုင်နက်ကို ရောက်တဲ့အချိန်မှာ ရေဒါ အဆက်အသွယ် ပြတ်တောက်သွား တယ်လို့ ဆိုပါတယ်။

More News
Up