အိုင်ဘီအမ်ကွန်ပြူတာစက်ရုံက တရုတ်အလုပ်သမားများ ရပိုင်ခွင့်အတွက် ဆန္ဒပြ

တရုတ်နိုင်ငံတောင်ပိုင်း ရှင်းဂျန်းပြည်နယ်က အိုင်ဘီအမ်ကွန်ပြူတာစက်ရုံက အလုပ်သမား ၁၀၀၀ ကျော်ဟာ ကုမ္ပဏီအပြောင်းမှာ ရပိုင်ခွင့်တွေကို မကျေနပ်လို့ အိုင်ဘီအမ်ကုမ္ပဏီကို မတ်လ ၇ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ Chinaအိုင်ဘီအမ်က ထုတ်လုပ်နေတဲ့ တန်ဖိုးနည်း ဆာဗာကွန်ပြူတာ ထုတ်လုပ်တဲ့ဌာနကို လီနိုဗီ ကွန်ပြူတာကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၂ ဒဿမ ၃ ဘီလီယံနဲ့ ရောင်းချခဲ့ရာမှာ ဌာနလက်ရှိ လုပ်နေတဲ့ အလုပ်သမားတွေဟာ လီနိုဗိုကုမ္ပဏီမှာ ဆက်လုပ်မယ်ဆိုရင် ပိုမြင့်တဲ့လုပ်ခရလိုကြပြီး အလုပ်ထွက်မယ်ဆိုရင်လည်း လျော်ကြေးထိုက်ထိုက်တန်တန်ရချင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ တောင်းဆိုမှုတွေ မလုပ်ပေးမချင်း ဆက်လက် ဆန္ဒပြနေအုံးမယ်လို့ အလုပ်သမားတွေက ပြောဆိုနေပြီး အလုပ်တွေကို မတ်လ ၆ ရက်နေ့အထိ ၄ ရက်ဆက်တိုက် ရပ်နားထားပါတယ်။ အိုင်ဘီအမ်ကုမ္ပဏီ ပြောရေးဆိုခွင့် ဖလော်ရင့်မာက ကုမ္ပဏီသစ်မှာပေးမယ့် ရပိုင်ခွင့်ဟာ အားလုံးပေါင်းလိုက်ရင် လက်ရှိရတဲ့လခနဲ့ ယှဉ်နိုင်ပြီး အလုပ်ထွက်မယ်ဆိုရင်လည်း သင့်လျော်တဲ့ လျော်ကြေး ပေးမှာဖြစ်တယ်လို့ သူ့ရဲ့ အီးမေးလ်ကြေညာချက်မှာ ရေးသားဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up