ရခိုင်အမျိုးသားပါတီနှင့် မေးမြန်းချက်
DVB
·
March 7, 2014
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနဲ့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်တို့ကို ပါတီအဖြစ် ဖျက်သိမ်းလိုက်တဲ့အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မတီက မတ် ၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။
ဒီပါတီ ၂ ခုကို ပေါင်းထားပြီး ပါတီသစ်ဖြစ်တဲ့ ရခိုင်အမျိုးသားပါတီကို နိုင်ငံရေးပါတီအဖြစ် မတ် ၆ ရက်နေ့မှာ မှတ်ပုံတင်ခွင့်ပြုလိုက်ပါတယ်။
အသစ်ဖွဲ့စည်းမယ့် ပါတီရဲ့ ဖွဲ့စည်းပုံ၊ အာဏာခွဲဝေမှု၊ နိုင်ငံရေးဦးတည်ချက်၊ ရခိုင်ပြည်နယ်တွင်းပဋိပက္ခ္ခတွေနဲ့ ပတ်သက်တဲ့ ပါတီသစ်ရဲ့ သဘောထားတွေနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ အတွင်းရေးမှူးဖြစ်ခဲ့တဲ့ ဦးခိုင်ပြည်စိုးကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။
အသံဖိုင်နားဆင်ရန်