စစ်ဖြစ်နေသည့် ဗဟိုအာဖရိကကို ငြိမ်းချမ်းရေးတပ်စေလွှတ်ရေး ဆွေးနွေး

စစ်ဖြစ်နေတဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံကို ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်တွေ စေလွှတ် နိုင်ရေးကိစ္စ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မတ် ၆ ရက်နေ့က ဆွေးနွေးပါတယ်။ unအရပ်သားတွေကို အကာအကွယ်ပေးဖို့ ငြိမ်းချမ်ရေးထိန်းသိမ်းရေး တပ်အင်အား ၁ သောင်း ၂ ထောင်နီးပါးကို စေလွှတ်ဖို့ ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြီးခဲ့တဲ့ မတ် ၃ ရက်နေ့က အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ် စေလွှတ်ဖို့ဆိုရင် လုံခြုံရးကောင်စီက အတည်ပြုချက် လိုအပ်ပါတယ်။ လုံခြုံရေးကောင်စီရဲ့ မတ်လအလှည့်ကျ သဘာပတိဖြစ်တဲ့ လူဇင်ဘတ်နိုင်ငံက အစည်းအဝေးတွေကို ဦးဆောင်ပြီး ကုလသမဂ္ဂ အဆင့်မြင့်အရာရှိတွေက အခြေအနေကို အစီရင်ခံကြပါတယ်။ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးဌာန အကြီးအကဲ ဟာဗီလတ်ဆိုးရက်စ်က ဗဟိုအာဖရိကနိုင်ငံရဲ့ ပြဿနာတွေဟာ နက်ရှိုင်းပြီး အလွယ်တကူနဲ့ ဖြေရှင်းမရနိုင်ဘူးလို့ အခြေအနေကို တင်ပြပါတယ်။ လက်ရှိ ချထားတဲ့ နိုင်ငံတကာ လုံခြုံရေးတပ်တွေလောက်နဲ့ ပြည်သူတွေကို အပြည့်အ၀ ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ အခြေအနေတွေဟာ အကြီးအကျယ် ဆိုးရွားနေပြီး သွေးထွက်သံယိုမှုတွေ ဒီထက် ဆိုးမသွားဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအ၀င် အားလုံးက ချက်ချင်းလက်ငင်း အရေးယူ ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ တောင်းဆိုလိုက်ပါတယ်။ မြို့တော် ဘွန်ဂီအပါအ၀င် တနိုင်ငံလုံးမှာ အစိုးရယန္တရားတွေ အားနည်းနေလို့ အစိုးရဟာ ဘာမှ မလုပ်ပေးနိုင်တော့ဘဲ အစိုးရ၀န်ထမ်းတွေလည်း လစာမရတာ လနဲ့ ချီနေပြီလို့ ပြောပါတယ်။ အစိုးရစစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေကလည်း လက်ရှိ ပဋိပက္ခကို ထိန်းသိမ်းနိုင်လောက်တဲ့ အနေအထား မရှိဘူးလို့ ပြောပါတယ်။ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးဌာနရဲ့ အကြီးအကဲ ဟာဗီလတ်ဆိုးရက်စ်ဟာ တလောလေးကပဲ ဗဟိုအာဖရိကနိုင်ငံရဲ့ အခြေအနေကို ကွင်းဆင်းလေ့လာခဲ့ပါတယ်။ လက်ရှိ ငြိမ်းချမ်းရေးကော်မရှင်နာ မင်းကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၈ နှစ်အတွင်းမှာ တခါမှ မကြုံဖူးတဲ့ ရက်စက်မှုတွေ၊ လူသားမဆန်မှုတွေနဲ့ လူတွေရဲ့ ဘေးဒုက္ခတွေကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။ လောလောဆယ်မှာ ဥရောပသမဂ္ဂက စေလွှတ်တဲ့ တပ်သားအင်အား ၁ ထောင် နဲ့ ပြင်သစ်စစ်သား ၂ ထောင်ရှိနေပေမယ့် မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေကြားက ပဋိပက္ခတွေကို ထိန်းချုပ်နိုင်ဖို့ အခက်တွေ့နေဆဲပါပဲ။ စိန်၊ ကျွန်းသစ်၊ ရွှေ၊ ယူရေနီယံနဲ့ ရေနံကြွယ်ဝတဲ့ ဗဟိုအာဖရိကနိုင်ငံဟာ ၁၉၆၀ ခုနှစ်က ပြင်သစ်လက်အောက်ကနေ လွတ်လပ်ရေးရခဲ့တဲ့အချိန်စလို့ အာဏာသိမ်းမှု ၆ ကြိမ်နဲ့ ဆူပူ သောင်းကျန်းမှုတွေ မရေတွက်နိုင်အောင် ဖြစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up