Home
မြန်မာသတင်း
ပြည်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများမပါဘဲ တပ်ပြေးနှင့်ဆေးမှု ၆ ဦးသာ ပြန်လွတ်
DVB
·
April 17, 2022

မြန်မာနှစ်ဆန်းတရက်နေ့ ဧပြီ ၁၇ ရက်နေ့မှာ ပဲခူးတိုင်း၊ ပြည်အကျဉ်းထောင်ကနေ နိုင်ငံရေး အကျဉ်းသားတယောက်မှမလွတ်ဘဲ တပ်ပြေး ၄ ယောက်နဲ့ မူးယစ်ဆေးမှု ၂ ယောက် စုစုပေါင်း ၆ ယောက်ပဲ လွတ်မြောက်တယ်လို့ အကျဉ်းဦးစီးဌာန ဝန်ထမ်းတယောက်ဆီက သိရပါတယ်။

မြန်မာနှစ်ဆန်းတရက်နေ့မှာ တနိုင်ငံလုံး အကျဉ်းထောင်တွေကနေ အကျဉ်းသား ၁၅၀၀ ကျော်လွှတ်ပေးတယ်လို့ စစ်ကောင်စီက အမိန့်ထုပ်ပြန်ထားခဲ့ပေမဲ့ နိုင်ငံရေးအကျဥ်းသား ၁၅၀ ကျော်ရှိတဲ့  ပြည်ထောင်က နိုင်ငံရေးအကျဉ်းသား တယောက်မှ မလွတ်မြောက်ခဲ့ဘူးလို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်က “မနက်က အစောကြီးသွားစောင့်နေတာ ကိုယ့်လူတွေပါမလားဆိုပြီး၊ ၉ နာရီ လောက်မှာ စလွှတ်တာ၊ မူးယစ်ဆေးရောင်းသူတွေနဲ့ စစ်တပ်က ပြေးသူတွေ ၆ ယောက်ပဲလွှတ်ပေးတယ်၊ နိုင်ငံရေးအကျဉ်းသားတယောက်မှမပါဘူး။ ထင်တော့ထင်ပါတယ်၊ ဘယ်လွှတ်ပေးရဲမလဲ သူတို့က ကြောက်နေတာလေ” လို့ ပြောပါတယ်။

စစ်ကောင်စီက  မြန်မာနှစ်ဆန်းတရက်နေ့မှာ အမိန်အမှတ် ၃၀/ ၂၀၂၂ န့ ပြစ်ဒဏ်လွှတ်ငြိမ်းခွင့် အမိန်တခုကို  ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး လက်မှတ်နဲ့ ထုတ်ပြန်ထားပါတယ်။ 

အဲ့ဒီအမိန့်မှာ အကျဥ်းထောင်၊ အချုပ်ထောင် အသီးသီးမှာ အကျဥ်းကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၁၅၇၇ ဦးတို့ကို ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက အဆိုပါပြစ်ဒဏ်အပြင်၊ ယ ခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် - ဟူသော စည်ကမ်းသတ်မှတ်ချက်နဲ့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်လို့ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024