Home
မြန်မာသတင်း
တွန်းဇံမြို့နယ်က ကျေးရွာ ၂၈ ရွာကို စီအန်အက်ဖ်က ရိက္ခာထောက်ပံ့မည်
နော်နိုရင်း
·
March 6, 2014
ချင်းပြည်နယ်ထဲက တွန်းဇံမြို့နယ်တွင်းက ဆင်းရဲနွမ်းပါးသူတွေကို ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်) က စားနပ်ရိက္ခာထောက်ပံ့ပေးမှာဖြစ်ပါတယ်။ တွန်းဇံမြို့နယ်က ကျေးရွာအများစုဟာ ဘိန်းစိုက်ပျိုးမှုအပေါ် မှီခိုနေကြပြီး ပြီးခဲ့တဲ့လတုန်းက ဘိန်းခင်း ၆၀၀ ကျော်ကို အစိုးရက ဖျက်ဆီးခဲ့ပါတယ်။ [caption id="attachment_52817" align="alignright" width="300"]ဓာတ်ပုံ - http://faiceunews.com ဓာတ်ပုံ - http://faiceunews.com[/caption] ပြည်နယ်အစိုးရက ဘိန်းစိုက်တဲ့တောင်သူတွေအတွက် အစားထိုးအစီအစဉ်မလုပ်ဘဲ ဘိန်းခင်းတွေ ဖျက်တဲ့အတွက် ဒုက္ခရောက်နေကြလို့ အခုလို ထောက်ပံ့ပေးတာဖြစ်ကြောင်း စီအန်အက်ဖ် အဖွဲ့ဝင် ဦးထန်ခင်းတပ်က ပြောပါတယ်။ “သူတို့က ဘိန်းတွေစိုက်တယ်ဗျ။ စိုက်တော့ ပြည်နယ်အစိုးရရဲ့ အစီစဉ်နဲ့ တောင်သူတွေ ဘိန်းခင်းအဖျက်ခံတယ်လေ။ သူတို့က အဲဒီဘိန်းခင်းကို မျှော်ကိုးပြီးတော့ လုပ်နေတာကိုး။ ဘိန်းချင်းအဖျက်ခံတော့ သူတို့မှာ ဘာမှ ၀င်ငွေမရှိတော့ဘူးလေ။ ဆိုတော့သူတို့က တကယ့်ကို စားဝတ်နေရေးက ခက်မှာလေ။ အစိုးရကလည်း ဘာမှ အစားထိုးဘာညာမပေးဘူးလေ။ ဖျက်တာပဲ ရှိတာကိုး။ အဲဒီဒုက္ခရောက်မယ့်သူပေါ့နော့်။ သူတို့ကို အားပေးတဲ့ သဘောတော့ မဟုတ်ဘူး။ လူသားချင်းစာနာတဲ့သဘောနဲ့ ပေးဖို့ အဲလို အစီစဉ်ရှိတယ်”လို့ ပြောပါတယ်။ ဒေသခံတွေရဲ့ ပြောဆိုချက်အရ အစိုးရက ဘိန်းခင်းတွေရဲ့ ၃ ပုံ တပုံသာ ဖျက်ဆီးနိုင်ပြီး ဘိန်းခင်း အများအပြားကျန်နေသေးတယ်လို့ သိရပါတယ်။ တွန်းဇံမြို့နယ် စီအန်အက်ဖ် ဆက်ဆံရေးရုံးတာဝန်ခံ ဦးလန်ဟောက်လျန်းကလည်း နီပွန်ဖောင်ဒေးရှင်းက ကူညီမှုနဲ့ တွန်းဇံမြို့နယ်အတွင်း ရွာပေါင်း ၂၈ ရွာက ဆင်းရဲနွမ်းပါးသူတွေကို စားနပ်ရိက္ခာထောက်ပံ့ဖို့ စီစဉ်နေကြောင်း ပြောပါတယ်။ ရွာသားအားလုံးကို ကူညီထောက်ပံ့မယ့် အစီအစဉ်မဟုတ်ဘဲ အတော့်ကို အခက်အခဲ ကြုံတွေ့နေရသူတွေကို စိစစ်ပေးအပ်သွားမယ်လို့ ဆိုပါတယ်။ “ဂျပန်နီပွန်ကနေ ပေးတဲ့ဆန်က ဒေါ်လာ ၃ သောင်းဖိုးလောက်ကျန်သေးတယ်။ အဲဒါကို ကျနော် တွန်းဇံမြို့နယ်အတွက် တောင်းကြည့်တော့ဒေါက်တာရွှေခါးက ကျနော့်ကို ခွင့်ပြုတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကန်ပက်လက်ကလည်း တအားဆင်းရဲနွမ်းပါးမှု ရှိတဲ့အခါကျတော့ ကန်ပက်လက်ကို ကျနော် တ၀က်ခွဲပေးလိုက်တယ်။ ဒါကြောင့် မြို့နယ် ၂ ခုက ဒေါ်လာ ၁ သောင်းခွဲဆီပဲရတယ်။ ဒါကို ကျနော် အစီစဉ်စွဲထားတယ်။ ကျေးရွာပေါင်း ၂၈ ရွာကို လောလောဆယ်ပေးမယ်။” ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် မြန်မာနိုင်ငံအတွင်းမှာ ချင်းပြည်နယ်ဟာ အဆင်းရဲဆုံး ပြည်နယ်တခုဖြစ်ပါတယ်။ ချင်းလူငယ်လူရွယ်တွေဟာ သူတို့ရဲ့အနာဂတ်အတွက် ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်သလို ဒုက္ခသည်အဖြစ် တတိယနိုင်ငံတွေကို ခိုလှုံဖို့ ပြင်ဆင်နေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024