ယူကရိန်းနိုင်ငံရေး ဆွေးနွေးပွဲ ဆက်လုပ်မည်ဟု အမေရိကန်ပြော

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (ဓာတ်ပုံ - ရိုက်တာ)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ယူကရိန်းနိုင်ငံအရေး ဆွေးနွေးပွဲကို မကြာခင် ဆက်လုပ်ဖို့ ယူကရိန်း၊ ရုရှားနဲ့ အနောက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူထားကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ “ယူကရိန်းနိုင်ငံမှာ မူလအခြေအနေ ပြန်ရောက်ဖို့၊ တည်ငြိမ်မှု ရရှိဖို့ ရုရှားနိုင်ငံနဲ့ ယူကရိန်းနိုင်ငံတို့ အကျေအလည် ဆွေးနွေးကြဦးမယ်။ စေ့စပ်ဆွေးနွေးတဲ့ နည်းလမ်းနဲ့သာ ဒီပြဿနာကို ဖြေရှင်းဖို့ အရေးကြီးတယ်ဆိုတာကို ကျနော်တို့အားလုံးက သဘောတူကြတယ်။” [caption id="attachment_52793" align="alignright" width="300"]အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (ဓာတ်ပုံ - ရိုက်တာ) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (ဓာတ်ပုံ - ရိုက်တာ)[/caption]အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ဟာ ဒီနေ့လည်း တွေ့ဆုံဦးမယ်လို့ ဆိုပါတယ်။ ကရိုင်းမီယားမှာ ရှိတဲ့ အဓိကအချက်အချာနေရာတွေ အားလုံးမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့တွေ စစ်တန်းလျားကို ပြန်ဖို့ ဂျွန်ကယ်ရီက ထပ်မံတောင်းဆိုခဲ့ပါတယ်။ မတ် ၅ ရက်နေ့က ရုရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ ပါရီမြို့မှာ တွေ့ဆုံဖြစ်ဖို့ကိုလည်း လုံးဝ မမျှော်လင့်ခဲ့ဘူးလို့ ဂျွန်ကယ်ရီက ဆိုပါတယ်။ ယူကရိန်းအရေး ပထမအကြိမ်ဆွေးနွေးပွဲမှာ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ငြင်းပယ်ခဲ့ပြီး ဆွေးနွေးပွဲကနေ ထွက်ခွာခဲ့တာကြောင့် ဆွေးနွေးပွဲ ပျက်ပြားခဲ့ပေမယ့် သူထွက်ခွာခဲ့တာဟာ ဆွေးနွေးပွဲ လုံးဝပျက်သွားတဲ့ အခြေအနေတော့ မဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ နေတိုးကလည်း ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်ရုပ်သိမ်းပြီး ယူကရိန်းနိုင်ငံနဲ့ ဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဥရောပကော်မရှင်က အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံဖိုး ယူကရိန်းအစိုးရကို ကူညီထောက်ပံ့ဖို့ ကြေညာခဲ့ပြီး ဥရောပမှာ စီးပွားရေးအတောင့်တင်းဆုံး ဂျာမနီနိုင်ငံကလည်း ယူကရိန်းနိုင်ငံကို ငွေကြေးကူညီ ထောက်ပံ့ဦးမယ်လို့ ပြောဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up