အိန္ဒိယ ရွေးကောက်ပွဲ ဧပြီ ၇ ရက်နေ့ စတင်ကျင်းပမည်

ရွေးကောက်ပွဲ ကော်မရှင်ခေါင်းဆောင် VS ဆမ်ပသ် (ဓာတ်ပုံ - ရိုက်တာ)
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က မဲပေးခွင့်ရှိသူ အယောက် သန်း ၈၀၀ ကျော်အတွက် ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ကို မနေ့က ကြေညာလိုက်ပါတယ်။ ဟိန္ဒူအမျိုးသားရေးဝါဒီနဲ့ ဘီဂျေပီပါတီ ခေါင်းဆောင် နာရန်ဒရာ မိုဒီနဲ့ ကွန်ဂရက်ပါတီ ခေါင်းဆောင် နေရူးဂန္ဒီ မိသားစုဆက်ခံသူ ရာဟူးလ်ဂန္ဒီတို့ ပြိုင်ဆိုင်ကြမှာပါ။ အစောပိုင်း ထင်မြင်ချက် ကောက်ခံမှုတွေက ရတဲ့အဖြေတွေက ညွှန်ပြချက်အရ မိုဒီကတော့ ရှေ့ပြေး ဖြစ်နေတယ်လို့ ဆိုပါတယ်။ [caption id="attachment_52787" align="alignright" width="300"] ရွေးကောက်ပွဲ ကော်မရှင်ခေါင်းဆောင် VS ဆမ်ပသ် (ဓာတ်ပုံ - ရိုက်တာ) ရွေးကောက်ပွဲ ကော်မရှင်ခေါင်းဆောင် VS ဆမ်ပသ် (ဓာတ်ပုံ - ရိုက်တာ)[/caption]ဥရောပ တတိုက်လုံးက လူဦးရေထက်များတဲ့ မဲပေးခွင့်ရှိသူ ၈၁၄ သန်းအတွက် ရွေးကောက်ပွဲကို ၉ ပိုင်းခွဲ ကျင်းပမှာ ဖြစ်ပြီး ဧပြီ ၇ ရက်ကနေ မေ ၁၂ ရက်နေ့ထိ ကြာမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ခေါင်းဆောင် VS ဆမ်ပသ်က ပြောပါတယ်။ ရွေးကောက်ပွဲ ရလဒ်တွေကိုတော့ မေ ၁၆ ရက်နေ့မှာ ကြေညာမှာပါ။ ခန့်မှန်းခြေ မဲရုံပေါင်း ၉ သိန်း ၃ သောင်းရှိမယ်လို့လည်း ပြောပါတယ်။ ရေပန်းစားနေတဲ့ ဘီဂျေပီပါတီရဲ့ ခေါင်းဆောင်ဟာ ဂူဂျာရတ်ပြည်နယ် ၀န်ကြီးချုပ် ဖြစ်စဉ်က ခိုင်မာတဲ့ စီးပွားရေးလမ်းကြောင်း မှတ်တမ်းရှိခဲ့လို့ လူကြိုက်များနေတယ်လို့ ထင်မြင်ချက် စစ်တမ်းတွေက ဆိုပါတယ်။ ၂၀၀၄ ခုနှစ်က စပြီး အာဏာရခဲ့တဲ့ ကွန်ဂရက်ပါတီ ဦးဆောင်တဲ့ ညွှန့်ပေါင်းအစိုးရလက်ထက် တိုင်းပြည်စီးပွားရေး အမြန်တိုးတက်ခဲ့လို့ ဖြစ်လာခဲ့တဲ့ အဂတိ လိုက်စားမှုတွေအပေါ် ပြည်သူတွေက ဒေါသတွေထွက်နေခဲ့လို့ ဘီဂျေပီပါတီအပေါ် အလေးသာခဲ့တာလို့ မီဒီယာတွေက သုံးသပ်ပါတယ်။ ဘီဂျေပီပါတီခေါင်းဆောင် မိုဒီကိုတော့ ကြီးမားတဲ့ စီးပွားရေးအင်အားစုတွေက ကျောထောက်နောက်ခံ ပေးထားပြီး ကြိုးနီစနစ်နည်းပါးမှု၊ လျှပ်စစ်မီး အမြဲရမှုနဲ့ လမ်းကောင်းတွေ ရှိတဲ့ သူ့ရဲ့ ဂူဂျာရတ်ပြည်နယ် ပုံစံအတိုင်း အိန္ဒိယနိုင်ငံကို ပုံဖော်စေချင်ကြတာပါ။ အရင်အပတ်ကတော့ မိုဒီက ရွေးကောက်တင်မြှောက်ခံရရင် နိုင်ငံခြားရေးမူဝါဒထဲမှာ ကုန်သွယ်ရေးကို ဦးစားပေးပြီး ဥပဒေတွေကိုလည်း ရှင်းလင်းလွယ်ကူအောင် လုပ်မယ်လို့ ကတိပြုခဲ့ပါတယ်။

More News
Up