Home
မြန်မာသတင်း
မတ်လ ၆ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
DVB
·
March 6, 2014
မတ် ၆ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံမှာဆိုရင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ အရှေ့ပိုင်းအလယ်ပိုင်းတို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်း နေပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်ကင်းစင်နေပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ ကျန်ဒေသတွေမှာ တိမ်ကင်းစင်နေတာကို တွေ့ရှိရပါတယ်။ weather06032014မတ် ၇ ရက်နေ့အတွက် မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာ ရှိနိုင်ပါတယ်။ လှိုင်းအမြင့် ၁ ပေကနေ ၃ ပေလောက်မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မတ် ၇ ရက်နေ့အတွက် အပူရှိန်မြင့်တက်နိုင်မှုကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ပုံမှန်အပူရှိန်ထက်ပိုနိုင်ပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၈ ကနေ ၉ လောက်ထိ ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ ပုံမှန်ထက် သိသိသာသာမြင့်တက်နိုင်ပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၁၀ လောက်ထိ မြင့်တက်နိုင်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ခရမ်းလွန်ရောင်ခြည်တွေ မြင့်တက်နိုင်တဲ့အတွက် နေပူထဲကို အကာအကွယ်မဲ့သွားလာခြင်းကို တတ်နိုင်သလောက်မပြုလုပ်ကြဖို့ တိုက်တွန်း လိုက်ရပါတယ်။ မတ် ၇ ရက်နေ့အတွက် နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်ဒေသတွေမှာနေ့အပူချိန် ၂၇ ဒီဂရီစင်တီဂရိတ် ကနေ ၃၃ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၄ ဒီဂရီစင်တီဂရိတ် ကနေ ၃၈ ဒီဂရီစင်တီဂရိတ် ခန့်ရှိနိုင်ပါတယ်။ မတ် ၇ ရက်နေ့အတွက် မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ တနိုင်ငံလုံးမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှုမရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။ မတ် ၇ ရက်နေ့အတွက် မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် မိုးရွာဖို့ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ အများအားဖြင့် သာယာနိုင်ပါတယ်။ မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ မတ် ၆ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့ တိမ်ပုံမှာဆိုရင် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေတာကို တွေ့ရပါတယ်။ မတ် ၇ ရက်နေ့အတွက် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၇ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။ မတ် ၆ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့ တိမ်ပုံမှာဆိုရင် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေတာကို တွေ့ရှိရပါတယ်။ မတ် ၇ ရက်နေ့အတွက် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၉ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။ မတ် ၆ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံမှာဆိုရင် မန္တလေးမြို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေတာကို တွေ့ရပါတယ်။ မတ် ၇ ရက်နေ့အတွက် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၈ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024