စာနယ်ဇင်းသမားများအတွက် လွတ်လပ်သည့် တခုတည်းသော စာနယ်ဇင်းကောင်စီ ဖြစ်ပြီ
ရွှေအောင်
·
March 5, 2014
ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ သတင်းမီဒီယာဥပဒေမှာ စာနယ်ဇင်းကောင်စီရဲ့ လိုလားချက် ရာခိုင်နှုန်းအများစု ပါဝင်တယ်လို့ ကောင်စီဝင် ဦးဇော်သက်ထွေးက ပြောပါတယ်။
အခု လွှတ်တော်ကအတည်ပြုလိုက်တဲ့ သတင်းမီဒီယာဥပဒေအရ စာနယ်ဇင်းကောင်စီဟာ စာနယ်ဇင်းသမားများအတွက် လွတ်လပ်တဲ့ တခုထဲသော ကောင်စီဖြစ်ပြီလို့လည်း ဆိုပါတယ်။
[caption id="attachment_29984" align="alignright" width="153"] ဦးဇော်သက်ထွေး[/caption]စာနယ်ဇင်းကောင်စီအနေနဲ့ စာနယ်ဇင်းကျင့်ဝတ်မြှင့်တင်ရေး ဒူးတိုက်ဆွေးနွေးပွဲတွေကို ရန်ကုန်အပါအ၀င် မြို့ကြီး ၉ မြို့မှာ ပြုလုပ်နေပြီလို့လည်း သိရပါတယ်။
မတ်လ ၄ ရက်မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ပုံနှိပ်ထုတ်ဝေဥပဒေနဲ့ သတင်းမီဒီယာဥပဒေတို့နဲ့ ပတ်သက်ပြီး စာနယ်ဇင်းကောင်စီဝင် ဦးဇော်သက်ထွေးကို ဆက်သွယ်မေးမြန်းထားပါတယ်။
လွှတ်တော်ကအတည်ပြုလိုက်တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲခဲ့တာဖြစ်ပြီး သတင်းမီဒီယာဥပဒေကိုတော့ စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲတင်ပြခဲ့တာ ဖြစ်ပါတယ်။
အသံဖိုင်နားဆင်ရန်