Home
မြန်မာသတင်း
မတ် ၅ ရက်နေ့ မိုးလေ၀သခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
DVB
·
March 5, 2014
မတ် ၅ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်ကင်းစင်နေပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဒေသတွေမှာ တိမ်ကင်းစင်နေပါတယ်။ 501မတ် ၆ ရက်နေ့အတွက် မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မြန်မာ့ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာ ရှိနိုင်ပြီး လှိုင်းအမြင့် ၁ ပေကနေ ၃ ပေလောက် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အပူရှိန်မြင့်တက်နိုင်မှုကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေမှာ ပုံမှန်ထက် ပိုနိုင်ပြီး ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၈ ကနေ ၉ လောက်ထိ ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ ပုံမှန်ထက် သိသိသာသာ မြင့်တက်နိုင်ပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၁၀ လောက်ထိ မြင့်တက်နိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်တွေ မြင့်တက်နိုင်တဲ့အတွက် နေပူထဲကို အကာအကွယ်မဲ့ သွားလာခြင်းကို တတ်နိုင်သလောက် မပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ မတ် ၆ ရက်နေ့အတွက် နေ့အပူချိန် ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်ကနေ ၃၃ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၄ ဒီဂရီစင်တီဂရိတ် ကနေ ၃၈ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။ မတ် ၆ ရက်နေ့အတွက် တနိုင်ငံလုံးမှာ မိုးတိမ်တောင်ဖြစ်ပေါ်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။ မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ မိုးရွာဖို့ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက် သေချာနိုင်ပြီးကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ အများအားဖြင့် သာယာနိုင်ပါတယ်။ မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ မတ် ၅ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။ မတ် ၆ ရက်နေ့အတွက် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၇ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပြီး အများအားဖြင့် သာယာနိုင်ပါတယ်။ မတ် ၅ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။ မတ် ၆ ရက်နေ့အတွက် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၁၉ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပြီး အများအားဖြင့် သာယာနိုင်ပါတယ်။ မတ် ၅ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ မန္တလေးမြို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။ မတ် ၆ ရက်နေ့အတွက် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၁၈ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပြီး အများအားဖြင့် သာယာနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024