တိုင်းရင်းသားမီဒီယာညီလာခံ ကျင်းပ (သတင်းဓာတ်ပုံ)
DVB
·
March 4, 2014
အခုလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ပြုလုပ်မှာဖြစ်တဲ့ တိုင်းရင်းသားမီဒီယာညီလာခံကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုခန်းမမှာ ကျင်းပနေပါတယ်။
ဒီအခမ်းအနားကို Burma News International က ကြီးမှူးကျင်းပတာဖြစ်ပြီး တိုင်းရင်းသားမီဒီယာတွေအပါအဝင် ဖိတ်ကြားထားတဲ့ နိုင်ငံတကာမီဒီယာတွေနဲ့ ပြည်တွင်းမီဒီယာတွေ တက်ရောက်လာကြပါတယ်။
ဒါ့အပြင် ဒီအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစပ်အောင်မြတ်နဲ့ ပြန်ကြားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးတို့ တက်ရောက်ပြီး အမှာစကားပြောခဲ့ကြပါတယ်။ (သတင်းဓာတ်ပုံ - ကိုခန့်)[gallery ids="52649,52650,52651,52652,52653"]