Home
သတင်းတို
၂ နှစ်အတွင်း အခွန် ၂ ဆ ကောက်ရန် လျာထား
DVB
·
March 3, 2014

လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်ကျရင် ၂၀၁၂ - ၁၃ ဘဏ္ဍာရေးနှစ်မှာ ကောက်ခံရတဲ့ အခွန်ပမာဏထက် ၂ ဆ တိုးပြီး ကျပ်ငွေ ၅ ထရီလီယံ နီးပါး ကောက်ခံဖို့ လျာထားတယ်လို့ အစိုးရက ထုတ်ပြန်တဲ့ ပြည်ထောင်စု အခွန်အကောက်ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။

tax p၂၀၁၂ - ၁၃ ခုနှစ်က ကောက်ခံရငွေ ၂ ဒဿမ ၇ ထရီလီယံဝန်းကျင်ပဲ ရှိခဲ့ပါတယ်။

အခွန်ကို ခေါင်းစဉ် ၄ ခု ခွဲကောက်ခံမှာ ဖြစ်ပြီး ၀င်ငွေခွန် ခေါင်းစဉ်အောက်ကနေ ကျပ်ငွေ ၁ ဒဿမ ၆ ထရီလီယံကျော် ကောက်ခံ မယ်လို့ ဖော်ပြထားပါတယ်။

ခုလို ၂ နှစ်အတွင်း အခွန် ၂ ဆ ကောက်ခံဖို့ လျာထားပေမယ့် မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းရင် ဂျီဒီပီထဲ ပါဝင်တဲ့ အခွန်ကောက်ခံမှုနှုန်းထားဟာ ၄ ရာခိုင်နှုန်းပဲ ရှိပြီး အနိမ့်ဆုံး ဖြစ်နေပါသေးတယ်။

ဒီလို အခွန်ကောက်ခံရရှိမှု နည်းရတာဟာ အစိုးရမှာရော၊ လွှတ်တော်ဘက်မှာပါ တာဝန်မကင်းဘူးလို့ ပြီးခဲ့တဲ့အပတ် အစည်းအဝေးအတွင်း လွှတ်တော် အခွန်ကောက်ခံမှု စိစစ်ရေးဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ သူရ ဦးသောင်းလွင်က ဝေဖန်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024