စစ်ရာဇဝတ်ကောင် ရုရှားသမ္မတပူတင်ကို စစ်ခုံရုံးတင်ရမည်ဟု အမေရိကန်သမ္မတပြော

ယူကရိန်း ကိယက်ဗ်မြို့တော်အနီးရှိ ဘူချာမြို့လေးမှာ အရပ်သားတွေ သတ်ဖြတ်ခံရမှုအပေါ် တကမ္ဘာလုံး ရှုတ်ချမှုတွေ မြင့်တက်နေချိန်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ရုရှားသမ္မတ ပူတင်ကို စစ်ရာဇဝတ်ကောင်လို့ ခေါ်ဆိုလိုက်ပြီး စစ်ရာဇဝတ်မှုတွေ စုံစမ်းစစ်ဆေးဖို့ တောင်းဆို သွားမယ်လို့ ပြောလိုက်ပါတယ်။

“ဒီဖြစ်ရပ်မတိုင်မီကတည်းက ပူတင်ကို စစ်ရာဇဝတ်ကောင်လို့ ကျနော်ခေါ်ခဲ့တာ ခင်ဗျားတို့ မှတ်မိမှာပါ၊ အဲဒီအတိုင်း စစ်အမှန်တွေ့ကြရပြီ၊ ဘူချာမှာ ဖြစ်ပျက်ခဲ့တာတွေ ကြည့်ပါ။ သူဟာ စစ်ရာဇဝတ်ကောင်ပါ၊ သူ့ကို ဖမ်းဝရမ်းထုတ်ရပါမယ်။ ဒီကောင် သားသတ်သမားပါ၊ ဘူချာမှာ ဖြစ်နေတာတွေ ဒေါသထွက်စရာပါ။ ကျနော်တို့ ယူကရိန်းမှာ အချက်အလက်တွေ စုဆောင်းရပါမယ်၊ ယူကရိန်းကိုလည်း သူတို့ ဆက်တိုက်နိုင်ဖို့ လက်နက်တွေ ကျနော်တို့ ပေးသွားမယ်” လို့ သမ္မတဘိုင်ဒင်က  သတင်းသမားတွေကို ပြောပါတယ်။

ယူကရိန်းအစိုးရက အရပ်သား ၄၀၀ ကျော်ကို ရုရှားတပ်တွေ သတ်ဖြတ်ခံရတဲ့အနက် ကိယက်ဗ်မြို့တော် အနောက်မြောက်ဘက် ဘူချာမှာ ၅၀ လောက် သတ်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။ 

ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဘူချာဖြစ်ရပ်အတွက်  သူတို့စစ်သားတွေကို ရာဇဝတ်မှု စွပ်စွဲတာဟာ ရန်စမှုသာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ 

//
More News
Up