လိင်တူခြင်း တရားဝင်လက်ထပ်ပွဲ ကျင်းပ (ဓာတ်ပုံ)
DVB
·
March 3, 2014
မြန်မာနိုင်ငံမှာ ပထမဆုံး လိင်တူခြင်း တရားဝင် လက်ထပ်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ Excel Tower မှာ မတ်လ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
ကိုမျိုးမင်းထက် (၂၈) နှစ် နဲ့ ကိုတင်ကိုကို (၃၈ နှစ်) တို့ရဲ့ ချစ်သက်တမ်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဧည့်ခံပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှာ လိင်တူခြင်း တရားဝင်လက်ထပ်သူများအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
နိုင်ငံတော်အစိုးရက လိင်တူခြင်းတရားဝင်လက်ထပ်တာကို တားမြစ်ခြင်း မရှိသလို တရားဝင် ခွင့်ပြုထားခြင်း မရှိခဲ့ပေ။ သူတို့ နှစ်ဦးဟာ ချစ်သက်တမ်း ၁၀ နှစ် ပြည့် အထိမ်းအမှတ် အဖြစ် ဧည့်ခံပွဲကို လူသိရှင်ကြား ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။[gallery ids="52575,52576,52577,52578,52579,52580,52581,52582,52583,52584,52585,52586"]