Home
အနုပညာ
မြန်မာလူငယ်တဦး၏ “Spring Revolution” အမည်ဖြင့် ဖန်တီးမှုလက်ရာများ တိုင်ပေဖက်ရှင်ရှိုးတွင် ပြသ
DVB
·
March 31, 2022

တိုင်ပေဖက်ရှင်ရက်သတ္တပတ်မှာ မြန်မာလူငယ်ကျောင်းသားတယောက်ရဲ့ “Spring Revolution” အမည်နဲ့ ဖန်တီးမှုလက်ရာတွေကို ပြသခွင့်ရခဲ့ပါတယ်။

ဖန်တီးရှင်လူငယ် ဒီဇိုင်နာ Philip Shun က “ဒီ collection ကတော့ အရေးတော်ပုံမှာ ရဲရင့်စွာ လှုပ်ရှားကြသော မြန်မာပြည်သူအားလုံးကို နွေဦးပန်းလို့ တင်စားပြီး ပုံဖော်ထားခြင်း ဖြစ်ပါတယ်။ မြန်မာပြည်ဖွားတယောက်အနေနဲ့ ကျနော့်ဘက်က လုပ်ပေးနိုင်တာဆိုလို့ အခုလို ဝတ်စုံ ၆ ထည်နဲ့ ဂုဏ်ပြုမှတ်တမ်းတင်တာကလွဲလို့ တခြားထွေထွေထူးထူး လုပ်ပေးနိုင်ခဲ့တာမရှိပါဘူး။ ဒါပေမဲ့ ကျနော့်ရဲ့စိတ်ကတော့ မြန်မာနိုင်ငံက ညီကိုမောင်နှမအားလုံးနဲ့ တသားတည်းပါပဲ”လို့ ပြောပါတယ်။

ဒီဝတ်စုံတွေကိုတော့ သူတယောက်တည်း အချိန် ၁ နှစ်လောက်ယူကာ ဖန်တီးခဲ့ရတာဖြစ်ပြီး စစ်အာဏာသိမ်းကာလ နွေဦးတော်လှန်ရေးအခင်းအကျင်းတွေ၊ အရောင်တွေနဲ့အတူ ပုံဖော်ထားခဲ့ တာကို တွေ့ရပါတယ်။ The eternity, The heroism, The envoy, The purity, The justice နဲ့ The peacock လို့ အမည်ပေးထားတဲ့ ဝတ်စုံ ၆ စုံစလုံးမှာတော့ နွေဦးတော်လှန်ရေးရဲ့ အငွေ့အသက်တွေနဲ့ အသက်ဝင်နေခဲ့တာ ဖြစ်ပါတယ်။

“နွေဦးကာလမှာ ဝေဝေဆာဆာပွင့်လန်းလေ့ရှိကြတဲ့ ပန်းလေးတွေဟာ ဆောင်းဥတုဆိုးကြီးရဲ့ ပြင်းထန်လှတဲ့ အအေးဒဏ်ကို အန်တုနေကြရပေမယ့် လက်မလျှော့တဲ့ ဇွဲလုံ့လတွေနဲ့ တောင့်ခံ ရင်ဆိုင်နေကြပါတယ်။ ဒီ့ပြင် ဆောင်းရာသီဆိုးကြီးလည်း ရောက်ရှိနေပြီဖြစ်တာမို့ ပန်းလေးတွေ တောင့်တနေကြတဲ့ နွေဦးဟာလည်း မကြာခင် ကျရောက်လာတော့မှာ အသေအချာပဲ မဟုတ်ပါလား။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024