Live
Home
မြန်မာသတင်း
ဒီးမော့ဆို စစ်ရှောင်စခန်းများတွင် ဆေးဝါးအကူအညီ အရေးပေါ် လိုအပ်နေ
DVB
·
March 30, 2022

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတွေမှာ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မွေးကင်းစ ကလေးငယ်တွေအတွက် ဆေးဝါးအကူအညီ အရေးပေါ် လိုအပ်နေပါတယ်။

ကရင်နီ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံသောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတာပါ။

“စစ်ဘေးရှောင်နေရတဲ့ကာလ ၁ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်လို့ စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း အခက်အခဲတွေကြောင့် သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်သည်မိခင်နဲ့ မွေးကင်းစ ကလေးငယ်တွေမှာ ကိုယ်ခံအားတွေ ကျဆင်းလာပြီး ကျန်းမာရေး ထိခိုက်လာတယ်။ လိုအပ်ချက်တွေကတော့ များပါတယ်။ အဓိကက ဆေးဝါးနဲ့ မိုးကာတွေ အရေးတကြီး လိုအပ်နေပါတယ်”လို့ စစ်ရှောင်စခန်းတွေမှာ လိုက်လံဆေးကုသပေးနေတဲ့ ပရဟိတ ဆရာမတဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က လွိုင်ကော်မြို့နယ်အတွင်း ဆေးဆိုင်တွေကို  တခြားတိုင်းနဲ့ ပြည်နယ်တွေကနေ တင်သွင်းတဲ့ ဆေးနဲ့ ဆေးဝါးဆိုင်ရာ ပစ္စည်းတွေ သယ်ဆောင်ရာမှာ သယ်ယူမယ့်လမ်းကြောင်း၊ ယာဉ်အမျိုးအစားနဲ့ ပစ္စည်းအရေအတွက်တွေကို ကယားပြည်နယ် အစိုးရအဖွဲ့ထံ ကြိုတင်တင်ပြ ခွင့်ပြုချက်ယူရမယ်လို့ စစ်ကောင်စီလက်အောက်ခံ လွိုင်ကော်မြို့နယ် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024