မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်း ၊ ၁၀၉ လမ်းနဲ့ လမ်း ၁၁၀ (မနော်ဟရီလမ်း) ကြားရှိ ဇွဲထက်ရွှေဆိုင် နောက်တဆိုင်ကို မတ်လ ၃၀ ရက် ဒီနေ့ နေ့လယ်ပိုင်းက ဗုံးနဲ့ အပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ရပ်ထားတဲ့ မော်တော်ယာဉ်က မှန်တွေကွဲသွားခဲ့ပေမဲ့ လူထိခိုက် ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။
ချမ်းအေးသာစံမြို့နယ် ၈၄ လမ်း၊ လမ်း ၃၀ ထောင့်ကဆိုင်လည်း နေ့လယ်ပိုင်းက ဗုံးနဲ့ ထုခံခဲ့ရတာဖြစ်ပြီး ဆိုင်ရှေ့မှာ ပေါက်ကွဲမှုဖြစ်ကာ လူ ၅ ယောက်ထက် မနည်း မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။
မန္တလေးမှာ တရက်တည်း ဇွဲထက်ရွှေဆိုင် ၂ ဆိုင် ဗုံးခွဲတိုက်ခိုက်ခံရတာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။