ပုဂံ-ညောင်ဦးမှာ ဟိုတယ်ဇုန် ၅ တည်ဆောက်မည်
DVB
·
February 28, 2014
ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို လာလည်တဲ့ ဧည့်သည်တွေ တည်းခိုနိုင်ဖို့ ညောင်ဦး- ပခုက္ကူမြို့ရှောင်လမ်းမှာ ဟိုတယ်ဇုန် အမှတ် ၅ တည်ဆောက်မယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
[caption id="attachment_52463" align="alignright" width="300"] ပုဂံ ဟိုတယ်ဇုန်အတွင်း အသစ် တည်ဆောက်လျှက်ရှိသည့် ဟိုတယ်တခု [/caption]ဖေဖော်ဝါရီ ၂၇ ရက်နေ့ ပုဂံခရီးစဉ်အတွင်း ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာ သူက ခုလို ပြောဆိုခဲ့တာလို့ အစိုးရ သတင်းစဉ်က ဖော်ပြပါတယ်။
အခုနှစ် မြန်မာနိုင်ငံမှာ ဘင်းစတက်၊ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ အရှေ့အာရှ
ထိပ်သီးအစည်းအဝေးလို အစည်းအဝေးတွေ လက်ခံကျင်းပဖို့ ဟိုတယ်တွေ မလုံမလောက် ဖြစ်နေတာကြောင့် ခုလို ဟိုတယ်ဇုန်အသစ်တွေ တည်နေရတာလို့ သူက ပြောပါတယ်။
ပုဂံယဉ်ကျေးမှုဇုန် ဘုရားစေတီနဲ့ ပုထိုးတွေအနီးမှာ လူနေ အဆောက်အဦတွေ ရှိမနေစေဖို့ စီစဉ်ထားပြီး ဖြစ်တာကြောင့် ဟိုတယ်ဇုန်ကို ခုလို မြို့ရှောင်လမ်းမှာ သတ်မှတ်ရတာလို့ သမ္မတ ဦးသိန်းစိန်က ရှင်းပြခဲ့ပါတယ်။