ယူကရိန်းပြည်ထဲရေး ၀င်မစွက်ဟု ရုရှား ကတိပေး၊ အမေရိကန် စောင့်ကြည့်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (ဓာတ်ပုံ - ရိုက်တာ)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ယူကရိန်းနိုင်ငံရဲ့ တည်ငြိမ်ရေးအတွက် အမေရိကန်နဲ့ မဟာမိတ်တွေကို ပူးပေါင်းဖို့ပြောဆိုခဲ့ပြီး ယူကရိန်းပြည်ထဲရေးကို ၀င်ရောက် စွတ်ဖက်မှု မပြုလုပ်ပါဘူးဆိုတဲ့ မော်စကိုရဲ့ဂတိကို အနီးကပ်စောင့်ကြည့်သွားမယ်လို့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြောဆိုခဲ့ပါတယ်။ [caption id="attachment_52437" align="alignright" width="300"]အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (ဓာတ်ပုံ - ရိုက်တာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (ဓာတ်ပုံ - ရိုက်တာ)[/caption]ယူကရိန်းနိုင်ငံက ရုရှားနိုင်ငံကို ကရိုင်းမီယားပါလီမန်သိမ်းပိုက်မှုနဲ့ ပတ်သက်ပြီး သတိပေး တားမြစ်အပြီးမှာ အခုလို ဂျွန်ကယ်ရီက ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဂျွန်ကယ်ရီနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်တို့ တယ်လီဖုန်း ဆက်သွယ်ပြောဆိုခဲ့ပြီး ရုရှားသမ္မတ ပူတင်က ယူကရိန်းနိုင်ငံ တစည်းတလုံးတည်း ရှိနေရေးကို အသိအမှတ်ပြု လေးစားမှာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးကို အခိုင်အမာ ပြောဆိုထားတယ်လို့ ဆိုပါတယ်။ ဂျွန်ကယ်ရီက တင်းမာမှုတွေကို ပြန်ရုပ်သိမ်းပြီး ရန်လိုမှုတွေကို အားလုံးက ရှောင်ရှားဖို့ လိုအပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး စတိုင်းမိုင်ရာက ယူကရိန်းကြားဖြတ်အစိုးရသစ်ကို ထောက်ခံကြိုဆိုခဲ့ပြီး အစိုးရသစ်ကို အခွင့်အရေးပေးဖို့ ပြောဆိုပါတယ်။ အခုအချိန်ဟာ ယူကရိန်းနိုင်ငံကို အရှေ့တွေ၊ အနောက်တွေ ဆွဲနေရမယ့်အချိန်လည်း မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ ခရစ်စတင်း လာဂါဒီနဲ့ တွေ့ဆုံပြီး ယူကရိန်းနိုင်ငံကို အရေးပေါ်ငွေကြေးထောက်ပံ့ရေး အမြန်ဆုံး လုပ်ဆောင်နိုင်ရေးအတွက် ဆွေးနွေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ ငွေကြေးထောက်ပံ့မှု မပြုလုပ်ခင် ယူကရိန်းနိုင်ငံရဲ့ ငွေကြေးလိုအပ်မှုအခြေအနေကို နိုင်ငံတကာက အရင်အကဲဖြတ်ဦးမယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့ အီးယူပါ အမေရိကန်ဒေါ်လာ ၁ ဘီလီယံစီ ကူညီဖို့ ပြောဆိုထားပေမယ့် နိုင်ငံတကာငွေကြေးရန်ပုံငွေရဲ့ အကူအညီကို အရင်ရယူဖို့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up