Thursday, June 8, 2023
HomeLead Storyမိုးထိမိုးမိရွှေလုပ်သားများ ဆန္ဒပြ

မိုးထိမိုးမိရွှေလုပ်သားများ ဆန္ဒပြ

မန္တလေးတိုင်း ရမည်းသင်းခရိုင်က မိုးထိမိုးမိရွှေလုပ်သားတွေကို ရွှေတူးဖော်တဲ့ အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီက လျော်ကြေးပေးတယ်ဆိုပြီး သတင်းတွေဖော်ပြနေတာ မဟုတ်မှန်တဲ့အကြောင်း ရွှေတွင်းလုပ်သားတွေက ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

moehtemoemeetရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံဘေးက တရားရုံးချုပ်ရှေ့မှာ လျော်ကြေးမရသေးတဲ့ မိုးထိမိုးမိ ရွှေလုပ်သားတွေနဲ့ ပြည်သူ့အကျိုးဆောင်ကွန်ရက်က ပူးပေါင်းပြီး ဒီနေ့ ညနေပိုင်းက ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက မြေယာလျော်ကြေးကိစ္စကို တရားဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့၊ နိုင်ငံပိုင်သတင်းစာမှာ ပါတဲ့ မိုးထိမိုးမိရွှေလုပ်သားတွေကို လျော်ကြေးပေးပြီးပြီဆိုတဲ့အပေါ် မရသေးကြောင်း လာရောက် ဆန္ဒထုတ်ဖော်ကြတာလို့ ပြောပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ မိုးထိမိုးမိရွှေလုပ်သားတဦးက “ဒီနေ့ ကြေးမုံသတင်းစာထဲမှာ ရွှေလုပ်သား အင်းပိုင် ၅၄ ယောက်ကို သိမ်းပေါင်း ၃၀၈၄ သိန်း လျော်ပေးပြီးဖြစ်ကြောင်း ပြောထားပါတယ်။ ကျနော်တို့ဆီကို ဒီနေ့အချိန်ထိ ၅၄ ယောက်လုံးတပြားမှ မရသေးဘူး။ တပြားမှလည်း ယူထားခြင်း မရှိသေးပါဘူး” လို့ ပြောပါတယ်။

မိုးထိမိုးမိရွှေလုပ်သားတွေဟာ လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက ဆန္ဒပြခွင့် လျှောက်ထားခဲ့ပေမယ့် မရခဲ့ပေမယ့် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အခု ဆန္ဒပြပွဲပြီးရင် စခန်းကိုသွားပြီး အဖမ်းခံမယ်လို့ ရွှေလုပ်သားတွေက ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular