ဘန်ကောက်တွင် အဆောက်အအုံပြိုကျ၊ သေဆုံးသူ ၁၁ ဦးတွင် မြန်မာ ၁ ဦး ပါဝင်
DVB
·
February 25, 2014
ထိုင်းနိုင်ငံ ဘန်ကောက် ခရိုင် ဘန်ဖလီမြို့နယ်မှာ ဒီနေ့ နေ့လယ်ပိုင်းက ဆောက်လက်စ ၈ ထပ် အဆောက်အအုံ ပြိုကျခဲ့တဲ့အတွက် ၁၁ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရှိခဲ့ပါတယ်။
[caption id="attachment_52277" align="alignright" width="300"] ဓာတ်ပုံ - ဘန်ကောက်ပို့စ်[/caption]သေဆုံးသူတွေထဲမှာ မြန်မာနိုင်ငံကနေ လာရောက် အလုပ်လုပ်ကိုင်တဲ့ အထောက်အထားမယ့် မြန်မာအမျိုးသမီးတဦး ပါဝင်သလို မြန်မာအမျိုးသား ၁ ဦး ဒဏ်ရာ ရသွားတယ်လို့ ထိုင်းနိုင်ငံက မြန်မာအလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်က ပြောပါတယ်။
ကျန်တဲ့သူတွေက ထိုင်းနဲ့ ကမောဒီးယား နိုင်ငံသားတွေဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက သေဆုံးသူဟာ ဘယ်ဒေသက ဘယ်သူဘယ်ဝါဆိုတာကို အတိအကျစုံစမ်းဖို့ကတော့ အထောက်အထားမဲ့ ဖြစ်နေတဲ့အတွက် အချိန်ယူ လိုက်လံစုံစမ်းယူရမယ်လို့ ပြောပါတယ်။