Home
မြန်မာသတင်း
လယ်ယာမြေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အစိုးရ ကူညီပံ့ပိုးမှု ပိုမိုလိုအပ်
DVB
·
February 25, 2014

မြန်မာ့လယ်ယာကဏ္ဍဟာ စိန်ခေါ်မှုများစွာနဲ့ တွေ့ကြုံနေရတာဖြစ်လို့  အစိုးရက တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ လယ်ယာဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းတွေကို  အာရုံစိုက်ပြီး ပံ့ပိုး ကူညီလုပ်ဆောင်ပေးဖို့ လိုတဲ့အကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

သမ္မတဦးသိန်းစိန်က   တောင်သူလယ်သမားတွေရဲ့  စိုက်ပျိုးရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ အခက်အခဲနဲ့ အတားအဆီးတွေ ဖယ်လျော့ရေးနဲ့ အရင်းအနှီး လိုအပ်ချက်တွေကို ပိုမိုရရှိလာရေး ဆောင်ရွက်ပေးခဲ့လို့ ၃ နှစ်အတွင်း တိုးတက်သင့်သလောက် တိုးတက်လာခဲ့တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ရန်ကုန်မှာ  စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်ကတော့ မြန်မာ့   လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်  အစိုးရက လုပ်ဆောင်နေပေမယ့်  လက်တွေ့မှာတော့ မြန်မာ့လယ်ယာကဏ္ဍဟာ စိန်ခေါ်မှု အခက်အခဲတွေများစွာနဲ့ ကြုံတွေ့နေရတယ်လို့   ဒီဗွီဘီကို ပြောပါတယ်။

Farmers plant rice seedlings in a paddy field on the outskirts of Yangonတောင်သူတွေရဲ့ အကြွေးသံသရာကို လျော့ချဖို့အတွက်  သီးနှံအာမခံစနစ်နဲ့ ချေးငွေဆိုင်ရာ အာမခံစနစ်တွေ ပေါ်ထွက်လာဖို့ အစိုးရအနေနဲ့ အမြန်ဆုံးဖော်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အစိုးရအနေနဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ သီးသန့်ဧရိယာ သတ်မှတ်ပြီး လုပ်ဆောင်တာတွေ ရှိနေပေမယ့် ပြည်တွင်း လယ်ယာကဏ္ဍတခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရရဲ့ ပံ့ပိုးပေးမှုက တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြန့်ကြက်ပြီး လုပ်ဆောင်ပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

အလားတူ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းရဲ့ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကလည်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးဖို့ဆိုရင် အစိုးရက တနိုင်ငံလုံးမှာရှိတဲ့ စိုက်ဧက ၁၇ သန်းအပေါ် ပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေသန်း ၆၀ ကျော်ရှိတဲ့အနက် လယ်ယာကဏ္ဍအပေါ် မှီခိုနေတဲ့လူဦးရေက စုစုပေါင်းလူဦးရေရဲ့ ၁၀ ပုံ ၇ ပုံ ရှိပြီးတော့ အများစုဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အသံဖိုင်နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024