ယူကရိန်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားတွေ အစိုးရအဆောက်အဦတွေကို ထိန်းသိမ်း

ယူကရိန်းအစိုးရဆန့်ကျင် ဆန္ဒပြသမားများ အစိုးရအဆောက်အဦများကို ထိန်းသိမ်းထားစဉ် (ဓာတ်ပုံ - ရိုက်တာ)
ယူကရိန်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက မြို့တော် ကိဗ်က အစိုးရ အဆောက်အဦတွေကို စတင် စောင့်ကြပ်နေပါပြီ။ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညက သမ္မတ ဗစ်တာ ယာနူကိုဗစ်ခ်ျက မြို့ကနေ ထွက်ခွာ သွားခဲ့တဲ့နောက် ရဲတပ်ဖွဲ့တွေလည်း နောက်ဆုတ်သွားခဲ့တာပါ။ အတိုက်အခံတွေက ကာကွယ်ရေးတပ်လို့ သူတို့ဟာသူတို့ ကြေညာထားတဲ့ အဖွဲ့ရဲ့ ဒုခေါင်းဆောင် မစ်ကိုလာ ဗေလစ်ခ်ျကိုဗစ်ခ်ျက သူတို့တပ်ဖွဲ့တွေဟာ အစိုးရဆိုင်ရာ ရပ်ကွက်ထဲက အုပ်ချုပ်ရေးအဆောက်အဦတွေကို စောင့်ကြပ်နေတယ် ဒေသတွင်း လုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဖို့ တာဝန်ယူထားတယ်လို့ ပြောပါတယ်။ [caption id="attachment_52157" align="alignleft" width="400"]ယူကရိန်းအစိုးရဆန့်ကျင် ဆန္ဒပြသမားများ အစိုးရအဆောက်အဦများကို ထိန်းသိမ်းထားစဉ် (ဓာတ်ပုံ - ရိုက်တာ) ယူကရိန်းအစိုးရဆန့်ကျင် ဆန္ဒပြသမားများ အစိုးရအဆောက်အဦများကို ထိန်းသိမ်းထားစဉ် (ဓာတ်ပုံ - ရိုက်တာ)[/caption] ယူကရိန်းနိုင်ငံဟာ ယဉ်ကျေးပြီး အကျင့်သိက္ခာ မြင့်မားတယ်၊ ကိုယ့်ပိုင်ဆိုင်မှုတွေရဲ့ ဘေးကင်းရေးကို ကာကွယ်မယ်ဆိုတာ တကမ္ဘာလုံးက လူတွေကို ပြသနေတယ်၊ အရာရာတိုင်း အစီအစဉ်တကျဖြစ်နေပြီး သမ္မတရုံးရဲ့ အဆင့်တွေအတိုင်း လောလောဆယ် ရပ်တည်နေတယ် လို့လည်း ဆိုပါတယ်။ သမ္မတဟာ သမ္မတအိမ်တော်ကနေ ဖေဖော်ဝါရီ ၂၁ ရက်နေ့ညမှာ ထွက်သွားပြီး အစိုးရဋ္ဌာနတွေက ရဲတပ်ဖွဲ့တွေလည်း ဆုတ်ခွာ သွားခဲ့တာပါ။ ဖေဖော်ဝါရီ ၂၁ နေ့ အစောပိုင်းကတော့ သမ္မတနဲ့ အတိုက်အခံ ခေါင်းဆောင်တွေဟာ နိုင်ငံရေးအကြပ်အတည်း အဆုံးသတ်ရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ သမ္မတအာဏာ ကန့်သတ်ရေး အခြေခံဥပဒေဆိုင်ရာ အပြောင်းအလဲတွေ လုပ်ဖို့နဲ့ သမ္မတရွေးကောက်ပွဲကို ၂၀၁၄ ဒီဇင်ဘာမှာလုပ်ဖို့ သဘောတူညီချက်ထဲမှာ ထည့်သွင်းထား ပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ အလုပ်လုပ်နေဆဲ ယူကရိန်းလွှတ်တော်ကတော့ လွှတ်တော်ပြောရေး ဆိုခွင့်ရှိသူနဲ့ ပြည်ထဲရေးဝန်ကြီးတို့ကို ရွေးကောက်တင်မြှောက်မှုအပါအ၀င် ဆုံးဖြတ်ချက် အတော်များများကို အတည်ပြုခဲ့ပါတယ်။ ထောင်ချခံ ၀န်ကြီးချုပ်ဟောင်း ယူလီယာ တိမိုချန်ကိုရဲ့ မဟာမိတ် အလက်ဇန်ဒါ တာချီနော့ဗ်က လွှတ်တော်ပြောခွင့်ရ ဖြစ်လာပြီး အတိုက်အခံ လွှတ်တော်အမတ်နဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင်တွေထဲက တယောက်ဖြစ်တဲ့ အာဆန် အဗာကို့ဗ်က ပြည်ထဲရေးဝန်ကြီး ဖြစ်လာပါတယ်။ ဒီခန့်အပ်မှုဟာ အားလုံးပါဝင်နိုင်တဲ့ အစိုးရ မဖွဲ့ခင်ကြား သက်ရောက်မှာ ဖြစ်ပါတယ်။ ယူကရိန်းရဲ့အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့က စပြီး အကြမ်းဖက် လာခဲ့တာပါ အဓိကရုဏ်းတွေကြောင့် လူအနည်းဆုံး ၇၇ ယောက် သေဆုံးခဲ့ပြီး ရာနဲ့ချီတဲ့ လူတွေ ဒဏ်ရာရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up