အမေရိကန်နိုင် ဗာမီလီယွန်မြို့ ရေလွှမ်းမိုးခံနေရ

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း အိုဟိုင်းအိုးပြည်နယ်မှာ ဗာမီလီယွန်မြစ်ထဲ ရေခဲတွေ ကြပ်ညပ်နေလို့ အနားက ဗာမီလီယွန်မြို့မှာ ရေလွှမ်းမိုး ခံနေရပါတယ်။ မြေနိမ့်ပိုင်းက အိမ်တွေကနေ ကယ်ဆယ်ရေးနဲ့ နေရာရွှေ့ပြောင်းမှုတွေ လုပ်နေရတာပါ။ လူတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သူတို့အိမ်တွေကနေ လွတ်အောင် အရေးပေါ် အရာရှိတွေက လှေတွေနဲ့ ကူညီနေရတယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။ မြစ်ကမ်းပါးမှာ ပိတ်ဆို့နေတဲ့ ရေခဲတွေက အရည်ပျော်နေလို့ နောက်ထပ် ဘာဆက်ဖြစ်မယ်ဆိုတာ အရာရှိတွေက မခန့်မှန်းနိုင် ဖြစ်နေပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေက စပြီး ရေမျက်နှာပြင်တက်မှု ရပ်တန့်သွားပေမယ့် ရေပြန်ကျမှု အရိပ်အယောင်တော့ မရှိသေးပါဘူး။

//
More News
Up