ပြင်သစ်နိုင်ငံတွင် ယူရိုငွေ ၂၇၀ သန်း တန်ဖိုးရှိသည့် ကိုကင်း ဖမ်းဆီး

ပြင်သစ်နိုင်ငံမြောက်ပိုင်းက လဲဟာ့ဗ် ဆိပ်ကမ်းမြို့မှာ ကိုကင်း ၁ ဒဿမ ၄ တန် ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးမိတာဟာ မှတ်တမ်းဝင်ဖမ်းဆီးရမှု ဖြစ်တယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီး မန်နယူရယ်ဗဲစ် က ပြောဆိုပါတယ်။ 377241133ကိုကင်းတွေဟာ ချီလီနိုင်ငံ ဗယ်ပရိုက်စို မြို့က သင်္ဘောနဲ့ သယ်ဆောင်လာတာဖြစ်ပြီး ယူရိုငွေသန်း ၂၇၀ တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။ ဒီဖမ်းဆီးရမိတဲ့ ကိုကင်းတွေဟာ ပြီးခဲ့နှစ် စက်တင်ဘာလကလည်း ပြင်သစ် လေကြောင်းလိုင်းပေါ်မှာ ဖမ်းဆီးရမိတဲ့ ယူရိုငွေ သန်း ၂၀၀ ဖိုး တန် ကိုကင်းတွေထက် များပြားတာလည်း ဖြစ်ပါတယ်။ မကြာခင်ကမှ ချီလီနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ ဒါကာ ရယ်လီ ကားမောင်းပြိုင်ပွဲဝင် ပြိုင်းကားတွေပေါ် ခိုးဝှက်သယ်ဆောင်လာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကိုကင်းတွေကို ဥရောပမှောင်ခိုဈေးကွက်အတွက် ခိုးသွင်းလာတာဖြစ်ပြီး မှောင်ခိုဈေးကွက်တွေကြောင့် ဥရောပနိုင်ငံတွေအတွင်း ရာဇ၀တ်မှု၊ လူမှောင်ခိုမှု၊ လက်နက်မှောင်ခိုမှုတွေ တိုးတက်များပြား လာတာ ဖြစ်တယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up