လွိုင်ကော်အခြေစိုက် စစ်ကောင်စီတပ်ဖြစ်တဲ့ ခမရ ၂၅၀ တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ လွယ်ထွက်ကျေးရွာမှာ ကျရောက်ပေါက်ကွဲပြီး ကလေး ၃ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာ ပြင်းစွာ ရရှိခဲ့ပါတယ်။
မတ်လ ၈ ရက် မွန်လွဲ ၁၂ နာရီခွဲလောက်က လွိုင်အခြေစိုက် ခမရ ၂၅၀ ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုခဲ့လို့ လွိုင်ထဲကျေးရွာ ဘုန်းကြီးကျောင်းအနောက် သစ်ပင်ရိပ်အောက်မှာ ကစားနေတဲ့ ကလေးငယ်တွေကို ထိမှန်သေဆုံးခဲ့တာပါ။
သေဆုံးတဲ့ကလေးတွေဟာ ၁၂ နှစ်အရွယ် မိန်းကလေး ၁ ဦးနဲ့ ၇ နှစ်နဲ့ ၁၀ နှစ်အရွယ် ယောကျ်ားလေး ၂ ဦးဖြစ်ပြီး ကျန်နှစ်ဦးလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာပါ။ ဒဏ်ရာရသူတွေကို လွိုင်ကော်ဆေးရုံမှာ ပို့ဆောင်ထားကြောင်းလည်း သိရပါတယ်။
လွယ်ထွက်ကျေးရွာဟာ လွိုင်ကော်မြို့ကနေ ၆ မိုင်ခန့်သာဝေးပြီး အဆိုပါဒေသမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။