တာဝါတိုင်ဆောက်ရန် မြေနေရာ ပြဿနာ အခက်အခဲဖြစ်

829
ပြည်ပကုမ္ပဏီ ၂ ခုကို ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ချပေးပြီးနောက် တာဝါတိုင် စိုက်ထူတဲ့လုပ်ငန်းတွေ လုပ်ကိုင်နေရာမှာ မြေနေရာ ပြသနာက အဓိကအခက်အခဲ ဖြစ်စေတယ်လို့ အော်ပရေတာ ကုမ္ပဏီတွေအတွက် တာဝါတိုင် တည်ဆောက်ပေးနေတဲ့ Golden Towers ကုမ္ပဏီရဲ့ ဒါရိုက်တာ မစ္စတာ သောမတ်စ်က ပြောပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့ ရန်ကုန် အင်းလျားလိတ်ဟိုတယ်မှာလုပ်တဲ့ ဒုတိယအကြိမ် တယ်လီကွန်း အခြေခံအဆောက်အဦ ဆန်းမစ် ၂၀၁၄ အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
ဆက်သွယ်ရေးကုမ္ပဏီတွေ တာဝါတိုင်တည်ဆောက်ရာမှာ လယ်မြေတွေကို လန ၃၉ ပြောင်းပြီးမှ ဆောက်ရမလား၊ ဒါမှမဟုတ် ဒီအတိုင်းပဲ ငှားရမ်းတည်ဆောက်ရင် ရနိုင်မလားဆိုတာ မသိနိုင်သေးလို့ အစိုးရတာဝန်ရှိသူတွေကို မေးမြန်းထားတယ်လို့ သူက ဆိုပါတယ်။
လက်ရှိ ဆက်သွယ်ရေးကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းပြီး တာဝါတိုင်စိုက်ထူရေး လုပ်နေတဲ့ ကုမ္ပဏီတွေကတော့ မကြာမီ ဆက်သွယ်ရေးနည်းဥပဒေ ပြဋ္ဌာန်းပြီးရင်တော့ ဒီ ပြဿနာ ပြေလည်သွားနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
