Home
သတင်းတို
ဂျီအီးက မြန်မာ့လေကြောင်းကို ၁ နှစ် လေယာဉ် ၂ စင်း ပို့ပေးမည်
DVB
·
February 19, 2014

ပြီးခဲ့တဲ့ စင်ကာပူလေကြောင်းပြပွဲမှာ ငှားရမ်းဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ ဘိုးအင်းလေယာဉ်တွေကို အမေရိကန်အခြေစိုက် ဂျီအီးကုမ္ပဏီက မြန်မာ့လေကြောင်းကို ၁ နှစ် ၂ စင်း ပေးပို့သွားမယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက အတည်ပြု ပြောဆိုပါတယ်။

[caption id="attachment_51924" align="alignleft" width="300"]ဘိုးအင်း 737-800 ဘိုးအင်း 737-800[/caption]

အဲဒီပြပွဲမှာ ဂျီအီးကုမ္ပဏီကနေ မြန်မာ့လေကြောင်းကို ဘိုးအင်း 737-800 အမျိုးအစားလေယာဉ် ၆ စင်းနဲ့ 7378 MAX လေယာဉ် ၄ စင်း ငှားဖို့ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီလေယာဉ် ၁၀ စင်းကို လာမယ့် ၂၀၁၅ ဇွန်လကနေ ၂၀၂၀ ခုနှစ်အတွင်း ၁ နှစ် ၂ စင်း ပေးပို့သွားမယ်လို့ ဆိုပါတယ်။

လက်ရှိ မြန်မာ့လေကြောင်းဟာ ဂျီအီးကုမ္ပဏီကနေ Embraer E 190 လေယာဉ်

၂ စင်း ငှားရမ်းပြီး ပြည်တွင်းခရီးစဉ်တွေ ပြေးဆွဲနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024